Once We Get Married-19

517 85 6
                                    

Flashback...

ဒီနေ့မှရုံးဆင်းတာနောက်ကျနေသည့်အတွက် ဟန်ဘင်းအလုပ်များကို မြန်မြန်လက်စသက်နေသည်။ အိမ်မှာလည်း ညစာဘာမှမပြင်ရသေးတာမို့ မက်သရူး project လုပ်ပြီးပြန်လာလို့ ဗိုက်ဆာရင် အခက်တွေ့နေမည်ကိုစိုးရိမ်တာကြောင့် အပြန်လမ်းမှာ သူ့ကလေးကြိုက်တတ်တဲ့ကြက်ကြော်ဝယ်သွားမည်ဟု ဆုံးဖြတ်လိုက်သည်။ ရုံးကထွက်လာလာချင်း မက်သရူးကိုအမြဲမှာကျွေးနေကျဖြစ်တဲ့ ကြက်ကြော်ဆိုင်ကိုအရင်မောင်းလိုက်သည်။

"ကြက်ကြော်နှစ်ဘူး။ အရမ်းမစပ်တာလေးပေးပါနော်။"

ကြက်ကြော်ထုပ်လေးကိုင်ကာ ကားပါကင်သို့ဦးတည်လာစဉ်

"ဟန်ဘင်း"

ကားထဲကနေဟန်နီထွက်လာကာ

"အိမ်ပြန်တော့မလို့လား"

အလျင်လိုနေတာမို့ မြန်မြန်စကားဖြတ်ချင်သည့်အတွက် ခေါင်းသာတစ်ချက်ငြိမ့်ပြလိုက်သည်။

"ပြောစရာရှိလို့ လိုက်လာတာ"

ဟန်ဘင်းကနာရီကိုတစ်ချက်ကြည့်လိုက်ပြီး

"အရေးမကြီးရင် နောက်နေ့မှပြောပါလားဟန်နီ။ မက်သရူးပြန်လာတော့မှာမို့ ငါမအရင်မရောက်နေရင် သူတစ်ယောက်တည်းကြောက်နေလိမ့်မယ်"

ဟန်နီတစ်ချက်ပြုံးလိုက်ပြီး

"အခုပြောမဲ့ကိစ္စကလည်း မက်သရူးနဲ့ပတ်သက်တဲ့အကြောင်းပဲ"

ဟန်နီပေးလာတဲ့ဖိုင်ကို ဟန်ဘင်းယူလိုက်သည်။ ဟန်နီကိုတစ်ချက်ပြန်ကြည့်တော့ ဟန်နီကဖွင့်ကြည့်လေဆိုသည့်သဘောဖြင့် မျက်နှာပင့်ပြသည်။ ဖိုင်ကိုဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတာက မက်သရူးနဲ့ဟိုတရုတ်ကောင်ရဲ့ပုံများဖြစ်သည်။ ရစ်ခီက မက်သရူးကိုကျောင်းပေါက်ဝမှာလာစောင့်ပြီး မက်သရူးကိုဖက်နေတဲ့ပုံ။ ကားတစ်စီးထဲနှစ်ယောက်အတူစီးကြပြီး ရုပ်ရှင်ရုံထဲဝင်သွားသည်အထိ။ ပြီးတော့ညစာစားနေတဲ့ပုံများး။

"နင်သိသင့်တယ်ထင်လို့ လာပြတာ ဟန်ဘင်း။ မက်သရူးကရည်းစားများတာမှန်ပေမဲ့ ဒီတစ်ယောက်နဲ့တော့တော်တော်ကြာပြီလို့ကြားတယ်။ ပြီးတော့သူတို့ ကြာသပတေးနေ့တိုင်း..."

Once We Get Married (mattbin/ binthew)Wo Geschichten leben. Entdecke jetzt