Once We Get Married-17

472 80 3
                                    

"ထယ်ရယ် ဒါဟျောင်းနဲ့ လိုက်လောက်လား"

မက်သရူးမေးနေတဲ့ ထယ်ရယ်ကတော့ ခြေထောက်ညောင်းလွန်းလို့ မတ်တပ်ပင်မရပ်နိုင်တော့ချေ။ ဆိုင်ထဲက ထိုင်ခုံလေးပေါ်မှာထိုင်ရင်း မက်သရူးအမေးကို ခေါင်းသာငြိမ့်ပြနေရသော်လည်း မက်သရူးက ထယ်ရယ်အဖြေမည်သို့ဖြစ်စေ သူ့ဘာသာမေးပြီး သူ့ဘာသာပဲ အဖြေပြန်ပေးကာ ဂျီးများနေသည်။

"ဟျောင်းက အနီကြိုက်ပါ့မလားမသိဘူး အပြာနဲ့ ပိုလိုက်သလိုပဲ"

ဒီတစ်ခါတော့ ထယ်ရယ်ဘက်က ဘာသံမှထွက်မလာတာကြောင့် မက်သရူးရန်ပြန်ထောင်လိုက်သည်။

"မင်းငါ့ကိုဘာမှလည်း ကူမရွေးပေးဘူး"

ထယ်ရယ်သက်ပြင်းတစ်ချက်ချလိုက်ပြီး

"ကူရွေးပေးနေတာ မနေ့ကလည်းတစ်နေ့လုံးကွာ.. ဒါကိုစိတ်တိုင်းမကျသေးဘူးဆိုလို့လည်း ဒီနေ့ထပ်လိုက်လာပေးတယ်လေ ကိုယ်တော်ချောရယ်.. တကယ်ပါပဲ နက်ကတိုင်လေးရွေးတာ ဒီလောက်ပဲဂျီးများနေရလား"

"မင်းက T လေ ဒါတွေဘယ်နားလည်မလဲ"

ဆူပုတ်ပုတ်နဲ့ပြောရင်း နက်ကတိုင်တွေတန်းစီပြထားတဲ့အတန်းဘက်ကို ထပ်သွားကြည့်ပြန်သည်။ ထယ်ရယ်က နာရီကို တစ်ချက်ကြည့်ပြီး

"ပန်းစည်းလည်းဝင်ယူရအုန်းမယ်နော် မင်းမြန်မြန်မရွေးရင် မှီမှာမဟုတ်တော့ဘူး 11 ထိုးတော့မယ်။ တခြားကောင်မလေးတွေ စီနီယာကို အရင်ပန်းစည်းပေးပြီး ဓာတ်ပုံရိုက်နေတာတွေ့မှ ငိုမနေနဲ့"

မက်သရူး ထယ်ရယ်စကားကြောင့် ရှည်"ဝေး" တွေးမနေတော့ဘဲ လက်မှာကိုင်ထားတဲ့နက်ကတိုင်အနီလေးကိုပဲယူကာ ငွေရှင်းခဲ့သည်။

ဒီနေ့က ဟန်ဘင်းဘွဲ့ယူတဲ့နေ့...။ ဟန်ဘင်းကို လက်ဆောင်ပေးချင်လို့ဆိုပီး ထယ်ရယ်ကို အပူကပ်ကာ ဆိုးလ်တမြို့လုံးအနှံ့ပတ်ရှာနေတာ။ မနေ့က ဟန်ဘင်းအတွက် နက်ကတိုင်အပြာရောင်လေးဝယ်သွားပြီးမှ သိပ်သဘောမကျတာမို့ ဟန်ဘင်းကိုမပေးဖြစ်သေးဘဲ အသစ်ထပ်လာရွေးနေခြင်းဖြစ်သည်။

ခုလည်း ဆိုင်ကထွက်လာပြီးတာနဲ့ ပန်းဆိုင်ကိုသွားနေရသည်။ဆယ့်ငါးမိနစ်လောက်ကြာတော့ မနေ့ကတည်းက ကြိုမှာထားတဲ့ ပန်းရောင်ကျူးလစ်ပန်းစည်းလေးကို ယူကာ ကားပေါ် ရွှင်ပျစွာနဲ့ တက်လာသည်။

Once We Get Married (mattbin/ binthew)Donde viven las historias. Descúbrelo ahora