မက်သရူးကျောင်းတက်တာ တစ်လပြည့်သွားပီ ဒီတစ်လအတွင်း ထားခဲ့တဲ့ရည်းစားက မရေမတွက်နိုင် ခုလည်းတစ်ယောက်နဲ့ပြတ်သွားပီး အခုနောက်တယောက်နဲ့ထပ်ဒိတ်နေတယ်လေ.. အခုဆို ကျောင်းထဲမှာလည်း ကနေဒါအိုပါးဆိုပီး နာမည်ကြီးနေလေရဲ့ ဟန်ဘင်းရဲ့ကားနီလေး ကျောင်းထဲဝင်လာတာနဲ့ ကောင်မလေးတွေက ဟန်ဘင်းအပြင် မက်သရူးကိုပါ ဝိုင်းသဲသဲလှုပ်လာကြသည် တချို့ ဟန်ဘင်းနဲ့ မက်သရူးကို ship ကြတဲ့ shipper မတွေပါ ပေါ်လာသည်.. ဒါကတော့ တစ်လကျောင်းတက်ပီး ရလာတဲ့ ကနေဒါအိုပါးရဲ့ ဂုဏ်သတင်းကျော်စောမှုပါ ဟန်ဘင်းနဲ့မက်သရူးကားပေါ်ကဆင်းပီး canteen သို့အတူသွားနေကြသည်
"ဟျောင်း ညနေကျ ကျနော့်ကိုကားခနငှါးပါလား"
"ဘာလို့လဲ မက်သရူးရဲ့"
"ကျနော့်ကောင်မလေးက ကျနော်နဲ့မြို့တစ်ပတ်ကားစီးချင်တယ်ဆိုလို့"
'ဘုရား ဘုရား'
ဟန်ဘင်းစိတ်ထဲက တလိုက်သည်
"နော် ဟျောင်း ကျနော့်ကိုကောင်မလေးဆီမှာ မျက်နှာပျက်အောင် မလုပ်ပါနဲ့ ဟျောင်းက Keita hyung ကားစီးလို့ရတယ်လေ နော်" (ချွဲစိန်ချူး)
"မက်သရူးကလည်း အန်တီတို့သိရင် စိတ်ချမှာမဟုတ်ဘူး ဟျောင်း အဆူခံရလိမ့်မယ်"
မက်သရူးနှုတ်ခမ်းကိုဆူကာ လမ်းလျှောက်နေရာမှ ရပ်လိုက်သည် ဟန်ဘင်းက သတိထားမိသွားပီး
"မက်သရူးကလည်း ဟျောင်းက တကယ်စိတ်မချလို့ပါ"
"တော်ပါ တော်ပါ ဟျောင်းလည်း မေမေတို့ဖေဖေတို့နဲ့အတူတူပဲ ကျနော့်ကိုကလေးလို့ပဲ ထင်နေတာ"
ဟန်ဘင်းနဲ့မက်သရူးအဖြစ်က လူသွားလမ်းလည်ခေါင်ကြီးမှာ နှစ်ယောက်လုံးကြောင်တောင်တောင်နဲ့ ရပ်နေကြသည့်အတိုင်းပင်.. ကျောင်းသားတွေကလည်း ကွက်ကြည့်ကွက်ကြည့်လုပ်နေကြပီ
"အိုပါး"
အသံကြားလို့ မက်သရူးရောဟန်ဘင်းရော လှည့်ကြည့်လိုက်တော့ မက်သရူးရဲ့ အသစ်စက်စက် ရည်းစားလေး
"ဂျူနာ"
ကောင်မလေးက မက်သရူးလက်ကိုချိတ်လိုက်ပီး ဟန်ဘင်းကိုနှုတ်ဆက်သည်
KAMU SEDANG MEMBACA
Once We Get Married (mattbin/ binthew)
Fiksi Penggemarငယ်ငယ်လေးကတည်းက ခင်လာကြတဲ့ သူနှစ်ယောက်.. ကံကြမ္မာက လက်ထပ်ဖို့ဖန်လာတဲ့အခါ အချစ်ဆိုတဲ့အရာတစ်ခု သူတို့နှစ်ယောက်ကြား ပေါက်ဖွားလာနိုင်မလား Mattbin/ binthew