ဟန်ဘင်းမနေ့ညက ကိစ္စကြောင့် မက်သရူးကိုဘလိုချော့ရမလဲဆိုတာ စဉ်းစားရင်း အကြံအိုက်နေသည် မနေ့ညကလည်း ဖြစ်ဖြစ်ချင်း မက်သရူးအိမ်ကို လိုက်သွားပေမဲ့ မက်သရူးကအခန်းတံခါးမဖွင့်ပေးဘဲ စိတ်ကောက်နေသောကြောင့် မက်သရူးမေမေကို အားနာနာနဲ့တောင်းပန်ရင်း ပြန်ခဲ့ရသည် မက်သရူးမေမေကသူ့သားဆိုးမှန်းသိတော့ ဟန်ဘင်းကိုအပြစ်တင်စကားတချက်မှမဆို
ဒီနေ့မနက်တော့ မက်သရူးကို ရအောင်ချော့ရမယ်ဆိုပီး ဟန်ဘင်းမနက်စာတောင်မစားဘဲ မက်သရူးအိမ်ကို ကူးလာခဲ့ပေမဲ့ ဟန်ဘင်းထက် တစ်ကွက်ကျော်မြင်နေတဲ့ မက်သရူးက ကျောင်းသို့တစ်ယောက်တည်းသွားလေပီ ဟန်ဘင်းရောက်တာ နောက်ကျသွားပီလေ ဟန်ဘင်းသက်ပြင်းအရှည်ကြီးတစ်ချက်ချလိုက်ကာ
'ဒီကောက်စိန်လေးကို ဘလိုချော့ရမလဲ'
———
"လိုက်ပို့ပေးတာ ကျေးဇူးပဲ"
မက်သရူးသူ့ကိုလိုက်ပို့ပေးတဲ့ ရစ်ခီကို ကျေးဇူးတင်စကားဆိုသည်
"တစ်လမ်းလုံး မျက်နှာကဆူပုတ်နေတာပဲ ကိုယ့်ဘေဘီကို ဘသူကစိတ်ညစ်အောင်လုပ်တာလဲ"
မက်သရူးက သူ့မျက်နှာကိုလာကိုင်တဲ့ရစ်ခီလက်ကို ဖယ်ချလိုက်ပီး
"ညနေလာမကြိုနဲ့ ကိုယ့်ဘာသာပဲ ပြန်လိုက်မယ်"
ဆိုပီးကားပေါ်ကဆင်းကာ ကျောင်းဝန်းထဲသို့ ဝင်လာလိုက်သည်
"မက်သရူးအိုပါး"
သူ့နာမည်ခေါ်သံကြားလို့ ကြည့်လိုက်တော့ သူမသိတဲ့ဆံပင်ရှည်ရှည် ကောင်မလေးတစ်ယောက်.. မက်သရူးရှေ့ကို ကောင်မလေးကလျှောက်လာပီး စာအိတ်တစ်စောင်လာထိုးပေးသည် မက်သရူးနှုတ်ခမ်းတစ်ဖက်က အပေါ်တက်သွားသည်
'ဆော့မက်သရူးတို့စန်းပွင့်ချက်က လက်လန်တယ်'
"ဟို ဟန်ဘင်းအိုပါးကို ပေးပေးလို့ရလား နာအွန်းကိုယ်တိုင်မပေးရဲလို့ပါ"
မက်သရူးထင်သလို သူ့ကိုပေးတာမဟုတ်ဘဲ ဟန်ဘင်းကိုပေးတဲ့စာဖြစ်နေသည် ဟန်ဘင်းကိုစိတ်ဆိုးနေရတဲ့ကြားထဲ ဒီကိစ္စက ပေါ်လာတော့ ပိုဆိုးသွားသည် မက်သရူး ဟန်ဘင်းကိုဘလောက်ပဲစိတ်ဆိုးဆိုး လာပေးတဲ့ကောင်မလေးကို အားနာနာနဲ့ယူကာ အိတ်ထဲထည့်ထားလိုက်သည် သူစိတ်ဆိုးပြေမှပဲ ဟန်ဘင်းကို ပေးလိုက်တော့မည်ဟူသည့်အတွေးဖြင့်သာ...
YOU ARE READING
Once We Get Married (mattbin/ binthew)
Fanfictionငယ်ငယ်လေးကတည်းက ခင်လာကြတဲ့ သူနှစ်ယောက်.. ကံကြမ္မာက လက်ထပ်ဖို့ဖန်လာတဲ့အခါ အချစ်ဆိုတဲ့အရာတစ်ခု သူတို့နှစ်ယောက်ကြား ပေါက်ဖွားလာနိုင်မလား Mattbin/ binthew