Once We Get Married-16

464 83 6
                                    

"အာ.. ခုနကပြောတာလိုသွားတာဗျ ကျနော်ဆောင်းဟန်ဘင်းရဲ့ ယောက်ျားတစ်ယောက်အနေနဲ့ ဒါကို ကန့်ကွက်ချင်တာပါ"

ဟန်ဘင်းအပါအဝင် ပါတီမှာရှိတဲ့ လူတွေအကုန်အံ့ဩသွားကြသည်။

"ဟင် ဘယ်လို?"

"ဟန်ဘင်းကလက်ထပ်ပြီးသားလား"

"သူတို့ကယောက်ျားလေးချင်း လက်ထပ်ထားကြတာလား"

စင်အောက်ကနေ ဝေဖန်သံမျိုးစုံကြားနေရသည်။ ဟန်ဘင်းကတော့ ပါးစပ်အဟောင်းသားနဲ့.. ဟန်ဘင်းနဲ့လက်ထပ်ထားတဲ့ကိစ္စပေါက်ကြားသွားမှာ သူ့အတွက် အကြောက်ဆုံးကိစ္စဖြစ်လိမ့်မယ် ထင်ထားခဲ့တာ။ အခုတော့ သူကိုယ်တိုင် ဖွင့်ပြောနေသည်ကို ဟန်ဘင်း မျက်မြင်ကိုယ်တွေ့ရော နားနဲ့ဆက်ဆက်ရော မြင်လိုက်ကြားလိုက်ရလို့တာ ယုံရတာ။ သူများလာပြောရင် ယုံမိမှာမဟုတ်။

"မက်သရူးး"

ဟန်ဘင်းက အသံတိုးတိုးလေးနဲ့ ခေါ်လိုက်ပေမဲ့ မက်သရူးကကြားကာ ဟန်ဘင်းဆီကို လျှောက်လာတယ်။ ဘေးကဟန်နီကတော့ မက်သရူးကို ကိုက်စားလုမတတ် ကြည့်နေသည်။မက်သရူးက ဟန်ဘင်းနဲ့တစ်ပေအကွာလောက်မှာ သွားရပ်လိုက်တော့

"နောင်တမရတာသေချာလား မက်သရူး"

ဟန်ဘင်းမေးခွန်းကို မက်သရူးကသေချာခေါင်းငြိမ့်ပြသည်။

ဟန်နီကတော့ စိတ်တိုပြီး စင်အောက်ဆင်းကာ ပြေးထွက်သွားသည်။

"သွားပါပြီ ငါ့ kissing booth တော့ပျက်ပြီ"

ဂျွန်ဆိုးရဲ့ ရေရွတ်သံကိုကြားတဲ့ မက်သရူးက ဂျွန်ဆိုးဘက်ကိုလှည့်ပြီး

"ကျနော့်ကြောင့်ပျက်သွားတဲ့အတွက် ကျနော်ပဲ တာဝန်ယူပါ့မယ်"

ထို့နောက် ဟန်ဘင်းဘက်ပြန်လှည့်ကာ ဟန်ဘင်းရဲ့ လည်ပင်းတွေကို လက်နှစ်ဖက်နဲ့သိုင်းဖက်လိုက်ပြီး ခြေဖျားထောက်ကာ နှုတ်ခမ်းနှစ်စုံကို ထပ်တူကျစေလိုက်သည်။

"Wowwww"

"ငါတို့တကယ် BL ကားကြည့်နေရတဲ့အတိုင်းပဲ"

"နှစ်ယောက်ကအရမ်းလိုက်တယ်.. live လွှင့်ရမယ်"

မက်သရူးကစနမ်းသူဖြစ်ပေမဲ့ နောက်ပိုင်းဟန်ဘင်းကပဲ အနမ်းတွေကိုဆက်လက်နက်ရှိုင်းစေသူဖြစ်သည်။ မက်သရူးဘက်ကအသက်ရှူရန်လိုအပ်လာ၍ ဟန်ဘင်းကို တွန်းလိုက်မှပဲ အနမ်းများပြတ်လပ်သွားတော့သည်။ အကုန်လုံးကတော့ တစ်ခဲနက်တစ်ဝိုးဝိုးနဲ့အားပေးကြသည်။ ဂျွန်ဆိုးကတော့ video ရိုက်ကာ မှတ်တမ်းတင်ထားလေရဲ့။ စနမ်းတုန်းကနမ်းပြီး အခုမှ ရှက်လို့ဆိုတဲ့ ဆော့မက်သရူးကတော့ အိမ်ထဲပြေးဝင်သွားသည်။

Once We Get Married (mattbin/ binthew)Onde histórias criam vida. Descubra agora