ကိုးနှစ်ကြာပီးနောက်
အချိန်တွေကုန်တာမြန်တယ်ပဲပြောရမလား ဒီနှစ်အတွင်း မက်သရူးနဲ့ဟန်ဘင်းတို့ အဆက်အသွယ်မရ.. မက်သရူးကနေဒါပြန်ပီး နှစ်နှစ်လောက်အထိတော့ အဆက်အသွယ်ရသေးသည် နောက်ကျ မက်သရူးတို့မိသားစုနှင့် ဟန်ဘင်းတို့မိသားစု အဆက်အသွယ်ပြတ်သွားသည် မက်သရူးဦးလေးကလည်း ကိုရီးယားကအိမ်ပိတ်ခဲ့ပီး ကနေဒါလိုက်သွားတော့ အဆက်အသွယ်မရှိကြတော့... မက်သရူးလေးကလည်း ကနေဒါမှာကျောင်းတက်နေပီး ဟန်ဘင်းကလည်း တက္ကသိုလ်ကျောင်းသားကြီးတောင် ဖြစ်နေရောပေါ့...
ဟန်ဘင်းရဲ့ကားနီလေး ကျောင်းထဲဝင်လာတာနဲ့ campus ထဲမှာရှိတဲ့ မိန်းကလေးတွေသာမက ယောက်ျားလေးတွေကပါ အကုန်ဝိုင်းကြည့်ပီး ရုတ်ရုတ်ရုတ်ရုတ်ဖစ်နေကြသည်
ဆောင်းဟန်ဘင်းဆိုတာ business Major က တတိယနှစ်ကျောင်းသား 1st yr 2nd yr တုန်းကရော ခုရော The Whole King ဘွဲ့ကို ရထားသူ... King ဆိုမှတော့ ချောတဲ့အကြောင်းကို စာဖွဲ့စရာမလိုတော့...ဟန်ဘင်းတယောက် ကျောင်းဝင်းထဲ ဝင်လာပြီး canteen သို့တန်းသွားလိုက်သည် သူ့ကိုစောင့်နေတဲ့ Keita ကိုတွေ့တော့...
"Sry ကွာ နောက်ကျသွားတယ်"
"ရပါတယ်ကွာ မင်း assignment လုပ်ပီးပီလား"
"အေး မနေ့ကတစ်ညတည်း အပြီးလုပ်လိုက်တယ်"
"ဟ ဆောင်းဟန်ဘင်းတို့ကတော့ တကယ့်ဟိုက်ပါ ငါ့ကိုပြပါအုန်း ကူးချင်လို့"
ဟန်ဘင်းသည် ရုပ်ချောသလောက် စာလည်းတော်သည် အဲ့ဒါကြောင့်လည်း ဆရာဆရာမတွေရော ကျောင်းသားတွေရောရဲ့ အချစ်ကိုခံနေရတာပေါ့ Keita က ဂျပန်ကနေ ကိုရီးယားမှာ သူ့အဖေဆန္ဒအရ ကျောင်းလာတက်နေရသူ ဟန်ဘင်းရဲ့အခင်ဆုံး သူငယ်ချင်းပေါ့.. Keita က စီးပွါးရေးကို စိတ်ဝင်စားသူမဟုတ် idol ဖြစ်ရန်သာ စိတ်ပါသူဖြစ်ပီး ညနေဘက် ကျောင်းဆင်းရင် company မှာ trainee သွားဆင်းနေသူဖြစ်သည် ဒါကြောင့်လည်း assignment တိုင်း ဟန်ဘင်းဆီကိုပဲ အပူကပ်တတ်သည်
"အော် ဒါနဲ့ ရော့ဒီမှာ"
Keita က assignment ကူးနေရင်း ဟန်ဘင်းရှေ့ကို ပန်းရောင်စာအိတ်လေး ထိုးပေးသည်
CZYTASZ
Once We Get Married (mattbin/ binthew)
Fanfictionငယ်ငယ်လေးကတည်းက ခင်လာကြတဲ့ သူနှစ်ယောက်.. ကံကြမ္မာက လက်ထပ်ဖို့ဖန်လာတဲ့အခါ အချစ်ဆိုတဲ့အရာတစ်ခု သူတို့နှစ်ယောက်ကြား ပေါက်ဖွားလာနိုင်မလား Mattbin/ binthew