"သတို့သားဆော့မက်သရူး နေရာယူလို့ရပါပြီ"
အဖြူရောင်ဝတ်စုံပြည့်နဲ့ သူ့ကိုစောင့်နေတဲ့ဟန်ဘင်းဆီကို မက်သရူးတလှမ်းချင်းလျှောက်လာသည် ဒီနေ့က မက်သရူးနဲ့ဟန်ဘင်းရဲ့ လက်ထပ်ပွဲ.. ကလေးနှစ်ယောက်ရဲ့ တောင်းဆိုချက်အတိုင်း ဘုရားကျောင်းမှာပဲ ရိုးရိုးရှင်းရှင်း မင်္ဂလာပွဲကို လုပ်ဖြစ်တယ်.. ပရိတ်သတ်တွေကလည်း နှစ်ဖက်မိဘတွေနဲ့ အရမ်းရင်းနှီးတဲ့သူငယ်ချင်းတချို့ ဟန်ဘင်းသူငယ်ချင်း Keita နဲ့ မက်သရူးအတန်းဖော် Taerae တို့လည်းလာကြသည် မက်သရူး ဖေဖေ့လက်ကိုတွဲကာ လျှောက်လာရင်း ဟန်ဘင်းနားရောက်တော့ ဖေဖေကမက်သရူးလက်နဲ့ဟန်ဘင်းလက်နဲ့ကို ဆုပ်ကိုင်စေလိုက်ကာ
"မက်သရူးက အများကြီးဆိုးပေမဲ့ ဦးတို့အိမ်အတွက်တော့ ရတနာလေးပါ မက်သရူးကိုကောင်းကောင်းစောင့်ရှောက်ပေးပါ ဟန်ဘင်း"
ဟန်ဘင်း မက်သရူးလက်ကိုသေချာဆုပ်ကိုင်လိုက်ပြီး
"စိတ်ချပါ Appuji ကျနော်ကတိပေးပါတယ်"
'ဟျောင်း ငါ့လက်ကိုကိုင်ထားတာက... ဒီနေ့မှဘာလို့ တမျိုးခံစားနေရတာလဲ'
ပုံမှန်ဆိုလည်း ငယ်ငယ်ကတည်းက ဟန်ဘင်းနဲ့မက်သရူးတို့ ဖက်လိုက် လက်ကိုင်လိုက် ညီအကိုအရင်းလိုနေဖြစ်ကြပေမဲ့ ဒီနေ့တော့ ဟန်ဘင်းကထူးဆန်းနေသည်ဟု မက်သရူးခံစားမိနေသည် ဟန်ဘင်းက မက်သရူးလက်ကို ကိုင်ထားရင်း မက်သရူးဘက်လှည့်ကာပြုံးပြလာသည်
'ဟျောင်းအပြုံးက အရင်ကတည်းက အဲ့လောက်လှတာလား'
ထို့နောက် မက်သရူးနဲ့ဟန်ဘင်း ဖာသာကြီးဘက်လှည့်ကာ ကတိသစ္စာပြုကြသည်
'ဘလိုပဲဟန်ဆောင်လက်ထပ်တာဖြစ်ဖြစ် ကိုယ့်အမျိုးသားလေးဖြစ်နေတဲ့ မက်သရူးကို ဟျောင်းသေချာပေါက် ဂရုစိုက်မှာပါ'
"You may kiss"
ကတိသစ္စာပြုပြီးသည်နှင့်တစ်ပြိုင်နက် ဖာသာကြီးထံမှ ထွက်လာသော ခွင့်ပြုမိန့်.. ဟန်ဘင်းရော မက်သရူးရော ဒီအခြေအနေကို ကြိုတင်တွေးဆထားခြင်းမျိုးမရှိတော့ ဘလိုလုပ်ရမလဲဆိုပြီး နှစ်ယောက်သား ခေါင်းကြိမ်းနေကြသည် မက်သရူးနဲ့ဟန်ဘင်း မျက်နှာချင်းဆိုင်မျက်နှာမူထားကြပြီ ဖြစ်သော်လည်း ခုချိန်ထိ ဘာမှလှုပ်ရှားခြင်းမရှိသေးသည့်အတွက် ဖာသာမှ
YOU ARE READING
Once We Get Married (mattbin/ binthew)
Fanfictionငယ်ငယ်လေးကတည်းက ခင်လာကြတဲ့ သူနှစ်ယောက်.. ကံကြမ္မာက လက်ထပ်ဖို့ဖန်လာတဲ့အခါ အချစ်ဆိုတဲ့အရာတစ်ခု သူတို့နှစ်ယောက်ကြား ပေါက်ဖွားလာနိုင်မလား Mattbin/ binthew