Unicode
မဟူရာတို့လဲ နေမဝင်ခင် စံအိမ်တော်ကိုပြန်လာခဲ့ကြသည်။ အိမ်ရောက်တော့ သူတိုရဲ့ဖခင်ကိုတွေ့လိုက်ရသည် ခက်ထန်နေတဲ့မျက်နှာထားကြောင့် သူတို့နှစ်ယောက် အကြည့်ချင်းစုံမိလိုက်ကြ၏။ ကောင်းသောကိစ္စမဟုတ်တာတော့ သူတို့ရိပ်မိပါသည်။ ဖခင်ဖြစ်သူက အိမ်ကိုတစ်နှစ်နေလို့ နှစ်ခါပဲပြန်လာတာတက်သည်။ ဘာအရေးကိစ္စနေနေ ဆက်သားနဲ့ပဲခိုင်းစေတက်တဲ့ဖခင်က ယခုလိုအိမ်ကိုပြန်လာတယ်ဆိုတော့။
" ပြန်လာကြပြီလား "
ဒေါသထွက်နေတာကို မြိုသိပ်ထားတာကြောင့်လားမသိ ဖခင်ရဲ့ အံ့ကြိတ်သံခပ်ဩဩက သူတို့နှစ်ယောက်ကို ကြက်သိမ်းမွေးထစေဖို့ လုံလောက်သည်။" ဟုတ်ကဲ့ဖခင် "
" ပယင်း မင်းအပြစ် မင်းသိလား "
" ကျွန်တော့်မှာ အပြစ်မရှိပါဘူး ဖခင် အပြစ်ဖြစ်လောက်အောင်လဲ မလုပ်မိပါဘူး "
" အရှင့်ကိုအရိုသေတန်မဲ့ပြောလိုက်တာက အပြစ်မရှိဘူးတဲ့လား ? မင်းလုပ်ရက်ကြောင့် ဒီအဖေဘယ်လောက်အရှက်ရခဲ့တယ်ထင်လဲ "
' တစ်ခုခုလွဲနေသလားလို့ '
[ ဘာလွဲတာလဲ host ]
' ပယင်းနဲ့ သူ့အဖေက '
[ အစထဲက သူတို့ဆက်ဆံရေးက မကောင်းတာပါ ]
' ဇာတ်ကြာင်းမှာက '
[ ဇာတ်ကြောင်းမှာ ဂရုစိုက်တယ် တစ်လုံးတောင်မပါဘူးလေ ပြီးတော့ ဘုရင့်ကြင်ယာတော်ဖြစ်တာကလဲ အတင်းအကြပ်စေခိုင်းတာကြောင့် ]
" အရှက်ရတယ် ဖခင်မယ် အရှက်ရောရှိပါရဲ့လား ဇနီးဖြစ်သူကို ကိုယ်တိုင်သတ် ဇနီးဖြစ်သူဘက်ကပါလာတဲ့သားကို မှတ်ဥာဏ်ဖျောကာတဲ့အပြင် ကောဆိုတာပါဖုံးကွယ်ထားသေးတယ် အဆိုးဆုံးက သူက မဏိရာဇာနိုင်ငံရဲ့ အရေးပါအရာရောက်နေတဲ့လူမလို့ ဒီလိုလုပ်နေတာ ကျွန်တော်မသိဘူး ထင်နေတာလားဖခင် "
မဟူရာ သူမသိတဲ့အကြောင်းအရာတွေကြောင့် ဖခင်ဖြစ်သူနဲ့ အကိုဖြစ်သူတို့ ပြောနေသမျှကို ငြိမ်ငြိမ်လေး ရပ်ကြည့်နေခဲ့သည်။
" ဘာ! မင်းမဟုတ်တာမပြောလေနဲ့ မင်းတို့ကို ဒီရွယ်ထိ ကောင်းကောင်းမွန်မွန် ကြီးပြင်းလာအောင် စောင့်ရှောက်ပေးတာ ဒီအဖေပါ လူဆိုရင် ကျေးဇူးသိတက်ရတယ် "
YOU ARE READING
ဗီလိန်အားကယ်တင်ခြင်း ( System ) (Complete)
Fantasyအကောင့်ဟောင်းထဲ ပြန်ဝင်မရတော့လို့ ဒီအကောင့်လေးမှာပဲ အစကနေအဆုံးထိတင်ပေးပါတော့မယ်နော် ( စာပြင်ထားပါတယ် )