ငါနဲ့ ချင်းဟန် မိစ္ဆာချောက်နက်ထဲကနေ ပြန်တက်လာနိုင်ခဲ့တာက သုံးလောကတစ်ခွင်ကို အံ့အားသင့်သွားရစေခဲ့တယ်။
အသက်ရှင်လျက်ပြန်တက်လာနိုင်တယ်ဆိုတာနဲ့တင် အံ့သြဖွယ်ရာကြီးတွေ ဖြစ်နေပြီကို...
မရဏလှိုင်းစဉ်တွေအကြားကနေ ငါ ငါ့ခန္ဓာကိုယ်ကို အသစ်ပြန်တည်ဆောက်နိုင်တော့ ပိုလို့ အံ့မခန်းတွေ ဖြစ်ကုန်ကြတာ။
ငါ့ခန္ဓာကိုယ်က ဘယ်တော့မှ အိုလာမှာ မဟုတ်ဘူး။
ဆက်ပြီးတော့ ယိုယွင်း အိုမင်းမနေတော့ဘူး။
အစွမ်းတန်ခိုးတွေ တဖြည်းဖြည်းလျော့သွားတဲ့ စုတေခါနီး ငါ မဟုတ်တော့ဘူး။
ငါ ငယ်ရွယ်နုပျိုစဉ်က အစွမ်းတွေ ခွန်အားတွေတောင်ပြန်ရလာတယ်။ တစ်ခုလေးပဲ. . . .ငါက နတ်ဘုရား မဟုတ်တော့တာလေးပဲ။
ငါ မိစ္ဆာမျိုးနွယ်တစ်ယောက်ဖြစ်လာတယ်။ တကယ့်နတ်မိစ္ဆာစစ်စစ်ဖြစ်သွားခဲ့တယ်။ဒီလိုတွေ ဘာကြောင့်ဘယ်လို ဖြစ်သွားမှန်း ဘယ်သူမှ မသိဘူး။ ငါ အပါအဝင်ပေါ့။
ကောင်းကင်လောကက ပုဂ္ဂိုလ်တွေ ရောက်လာပြီး မြင့်မြတ်တဲ့ တောက်တရားကို ဖောက်ပြားလွဲမှားစွာ ကျင့်ကြံလို့ဆိုကာ ငါ့ကို လာဝေဖန်ပြစ်တင်တိုင်း... ငါကတော့ ချင်းဟန်ရင်ခွင်ကို ကျောပေးမှီထားရင်း လက်နှစ်ဖက်ကို ဆန့်တန်း စီးကာလိုက်ကာ ပြောမိတတ်တယ်။
"ဒါဆိုလည်း မင်းတို့တွေ မိစ္ဆာတောက်ကို ကာကွယ်ပေးနေသူကို ဖယ်ရှားသုတ်သင်ကြည့်ကြည့်လေ..."ချင်းဟန်ကတော့ မျက်ခုံးတစ်ဖက်ပင့်လိုက်တယ်။
အဲဒီ့နောက်က စပြီး ထာဝရရှင်သန်ခြင်းကောင်းကင်လောကသားတွေ ငါတို့ကို လာမနှောင့်ယှက်ကြတော့ဘူး။
ဆိုရိုးရှိတယ်မဟုတ်လား...
သူများကို အနိုင်မယူနိုင်ရင်အေးအေးဆေးဆေး ငြိမ်ငြိမ်ကုပ်ကုပ်နေပြီး ပြဿနာမရှာဘဲ နေတတ်ရမယ်ဆိုတာမျိုးလေ..._______________
[ပြီးပါပြီ]
![](https://img.wattpad.com/cover/179393588-288-k745665.jpg)