ငါက နောက်ဆုံးကျန်တဲ့ ရှေးနတ်ဘုရား...
စစ်နတ်ဘုရားမအဖြစ် ယုံထား ကိုးကွယ်ခံခဲ့ရသူ...
ငါ့ဘဝသက်တမ်းတစ်ဝက်ကျော်ကို တိုက်ပွဲတွေ ဆင်နွှဲရင်း ဖြတ်သန်းခဲ့ရတယ်။ သုံးလောကတစ်ခွင် ငြိမ်းချမ်းအေးဆေးသွားတဲ့နောက်တော့ ငါ အလုပ်လက်မဲ့ဖြစ်ရောပေါ့...
ငါ ဘယ်လောက်အထိ ရှင်သန်နေထိုင်ခဲ့တယ်ဆိုတာတောင် ငါ မေ့သွားခဲ့ပြီ။
ငယ်ရွယ်ပျို မြစ်မှုရဲ့ ပျော်ရွှင်ချမ်းမြေ့မှု၊ ဆင်းရဲမှုရဲ့ ချွတ်ခြုံ နုံချာမှုတွေ၊ ဘဝ သံသရာ အကြိမ်ကြိမ်အဖန်ဖန် လည်ပတ်နေတာတွေ ငါ တွေ့ဖူးခဲ့ပြီ။
အချိန်တွေ ကြာလာတာနဲ့အမျှ လောကီရေးရာတွေကို ငါ ပိုစိတ်ကုန်လာမိတယ်။ငါ ထင်တယ်... ငါ စုတေရတော့မယ့်နေ့ သိပ်မဝေးတော့ဘူးလို့...
ဒါပေမယ့် ကောင်းကင်အလိုတော်က ငါ့ကို ငြိမ်းချမ်းအေးဆေးစွာ ထွက်သွားခွင့် မပေးချင်လို့နဲ့ တူရဲ့။
ဂူသချ င်္ိုင်းကို ခြေလှမ်းနေချိန် ငါ့ဘဝထဲကို ဇာတ်ဖုံအသစ်တွေ ထပ်ထည့်ပေးလိုက်ပြန်ရော...
နွေဦးဂိမာန်လို အရောင်အသွေးစုံလင်နေလို့...သုံးလောကတစ်ခွင် အားလုံး သိကြတဲ့. . .
ငါ့မျက်နှာကြီး...
ဘယ်ထားရမှန်း မသိဖြစ်စေမယ့် အျဖစ္မ် ိဳး. . .