အမှောင်ထဲမှာ ငါ အတိတ်တုန်းက အကြောင်းအရာတွေကို အိပ်မက်မက်နေမိတယ်။
အကုန်လုံးက ချင်းဟန် အကြောင်းတွေချည်းပဲ။ တကယ်တော့လေ... ငါသာ သူ့ကို ဆက်တွေ့နေ မြင်နေခွင့်ရမဟ်ဆိုရင် ထာဝရဆိုလည်း အိပ်မက်ထဲမှာ ငါ ဆက်နေချင်ပါတယ်...
ငါ အမှုပါဘူး။အတိတ်တစ်ချိန်ကို အိပ်မက်တွေ ဆက်ကာ ဆက်ကာ ပြန်မက်နေမိတယ်။ ကြာလာတော့ တကယ်လိုလိုတောင် ဖြစ်လာကိုး။ တစ်စုံတစ်ယောက် ငါ့လက်ကို ကိုင်ထားကာ ငါ့ဘေးနားမှာ ထိုင်ရင်း ငါ့ကို တကျော်ကျော်ခေါ်နေသလိုတောင် ငါ ထင်မိလာတယ်။ "ဆရာ..." တဲ့လေ။
ခေါ်သံမှာ နောင်တတွေ၊ ကြေကွဲမှုတွေ၊ သောကတွေ အပြည့်နဲ့...ရက်ပေါင်းများစွာ အိပ်ပျော်နေပြီးတဲ့နောက် ငါ တဖြည်းဖြည်းနဲ့ ပြန်သတိရလာတယ်။ ငါ မျက်လုံးဖွင့်လိုက်တာနဲ့၊ အပြင်ဘက်က ဝင်လာတဲ့ အသံတွေကို ကြားလိုက်ရတယ်။ "မိစ္ဆာဘုရင် တစ်ယောက်အနေနဲ့... မိစ္ဆာချောက်နက်ကနေတောင် ပြန်တက်လာနိုင်ပြီး သုံးလောကမှာ ခြေပြန်ချနိုင်ခဲ့တာပဲ... ဘုရင်တစ်ပါးရဲ့ တာဝန်ကို ယူပေးရမှာပေါ့... ရှင် ကျမကို လက်ထပ်ပြီး ကျမတို့ရဲ့ မိစ္ဆာမျိုးနွယ်ကို အမြင့်ဆုံးနေရာရောက်အောင် လုပ်ပေးရမယ်... ကျမတို့ရဲ့ နယ်မြေကို ပြန်ရေအောင် ယူရမယ်... နှစ်ပေါင်းများစွာ ကောင်းကင်လောကသား အမျိုးယုတ်တွေ ချိုးနှိမ်ထားခဲ့တဲ့ ကျမတို့ရဲ့ မိစ္ဆာချီစွမ်းအားတွေ ပြန်လည် အုံကြွနိုင်အောင် လုပ်ပေးသင့်တယ်... ဒါကိုတောင် ရှင်က ဘာမှ အသိပေးခြင်းမရှိ ထွက်သွားပြီး ဒီတောင်ပေါ်မှာ လာနေတယ်... ပြီးတော့ သေခါနီး ခြေတစ်လှမ်းဘဲလိုတော့တဲ့ နတ်ဒေဝါကို လာ အဖော်ပြုပေးနေတယ်ပေါ့လေ...!"
အသံကို ကြားရသလောက် နတ်မိမယ် သခင်မ ပြန်ရောက်လာတယ်ဆိုတာ ငါသိလိုက်ရတယ်။
ဒီတစ်ခါတော့ သူ ဘာမှ ပြဿနာရှာ ရမ်းကားမနေတော့ဘူး။ ငါလည်း မျက်လုံးအသာမှိတ်လိုက်ပြီး အိပ်ရာထဲ ပြန်လှဲနေလိုက်တယ်။ ဒီကိစ္စကို မသိချင်ယောင်ဆောင်နေလိုက်တော့ မလို့ဘဲ...