Part - 1

3.8K 189 81
                                    


//ကိုကို့ကို အရမ်းချစ်တယ်//

//ကိုကိုရက်စက်လိုက်တာ //

//မုန်းတယ်။ ကိုကို့ကို ကျွန်တော်အရမ်းမုန်းတယ် !! //

//ကိုကို့ကို ဘဝဆက်တိုင်း ထပ်မတွေ့ချင်တော့ဘူး //

အားးး !!!!

ကြောက်အားလန့်အား အော်ဟစ်သံနဲ့အတူ ဟာအို အိပ်ရာကနေ လန့်နိုးလာခဲ့တယ် ။ နှလုံးခုန်‌နှုန်းတွေဟာ သာမန်ထက်အရှိန်တော်တော်ပြင်းနေတာကြောင့် အိပ်ရာဘေးကရေကရားထဲက ရေကို ယူသောက်လိုက်မှပဲ ငြိမ်သွားတော့တယ်။

သူငယ်ငယ်ထဲက ခဏ၊ခဏမက်ခဲ့တဲ့ ဒီအိပ်မက်တွေက အခုချိန်ထိတောင် သူ့ကိုခြောက်လှန့်နေဆဲပဲ ။
သူ့မြင်ကွင်းထဲမှာ အမျိုးသားနှစ်ယောက် ။ အတူတူရယ်မောခဲ့ကြတယ်။ နောက်ပြီး ရန်ပွဲတွေ နဲ့ အဆုံးသတ်မှာတော့ သွေးတွေ ။နောက်ဆုံးမှာ အသက်မရှိ‌တော့တဲ့ ရုပ်အလောင်းတစ်ခု။

မျက်နှာတွေကို သဲသဲကွဲကွဲမမြင်ရပေမယ့် သွေးပျက်စရာမြင်ကွင်းတွေက သိပ်ကြောက်ဖို့ကောင်းတယ်။ဘာလို့များ ဒီအိပ်မက်တွေကို ခဏ၊ခဏ မက်နေရတာလဲ ။

အိပ်မက်တွေက သွေးပျက်ဖို့ကောင်းလို့ကြောက်တယ်ဆိုတာထက် အိပ်မက်မက်ပြီးတိုင်း ရင်နာပြီးကျန်ခဲ့ရတာက သူ။
ရင်ဘတ်တစ်ခုလုံး ကြွေမွသွားသလိုခံစားချက်တွေနဲ့ အရာအားလုံးကိုဆုံးရှုံးလိုက်ရသလို ခံစားချက် ။ မွန်းကြပ်လွန်းလို့ အသက်‌တောင် မရှူနိုင်ဘူး ။

"ဟာအို သား ! စောနက အော်သံကြားလိုက်လို့ ၊ ဘာဖြစ်တာလဲ "

"မေမေ ၊ ဟိုအိပ်မက်ကြီးထပ်မက်ပြန်ပြီ "

သူကိုစိုးရိမ်တကြီးမေးလာတဲ့ မေမေ့ကြောင့် အားကိုးရှိသွားသလိုမျိုး မေမေ့ရင်ခွင်ထဲတိုးကာ ပြောပြလိုက်တော့သည်။
သူ့စကားကြောင့် မေမေမျက်နှာပျက်သွားတာကို ရင်ခွင်ထဲရောက်နေတဲ့ ဟာအိုကတော့ မမြင်လိုက် ။

"သား ညက သရဲကားကြည့်တယ်လေ။အဲ့တာစိတ်စွဲသွားလို့နေမှာပါ"

"မဟုတ်ဘူး။ ဒီအိပ်မက်တွေက သားငယ်ငယ်ထဲကမက်ခဲ့တာ။ စိတ်စွဲလို့မဟုတ်ဘူးဆိုတာ မေမေ ရော ၊ သားရော သိနေတာပဲ !  "

If We Meet Again Where stories live. Discover now