Part - 15

824 108 84
                                    

"ငါအိမ်ပြန်ချင်ပြီ။ ငါ့ကိုအိမ်ပြန်လိုက်ပို့ပေး မောင်"

စကားအချေအတင်တွေဖြစ်ခဲ့ပြီးတာတောင် ကျန်းဟာအိုက ဒီစကားတစ်ခွန်းပဲ ဟန်ဘင်းကို ပြောခဲ့တယ်။ သူလုပ်ခဲ့တဲ့လုပ်ရပ်တွေအတွက် ဟန်ဘင်းကို တောင်းပန်ဖို့လည်းမလိုသလို ဘာပြဿနာမှမရှိခဲ့သလိုမျိုး အေးအေးဆေးဆေးပဲ။
နှင်းဆီငယ်ဟာ ဘာတွေကြောင့်များ မောင့်အပေါ် အခုလောက်ထိ  တင်စီးနိုင်ရသလဲ။

"မောင်" ဆိုတဲ့ နာမ်စားဟာ ဟန်ဘင်းကို အနိုင်ယူတဲ့ လက်နက်တစ်ခုပဲ။ မောင် လို့ ရေရွတ်လိုက်ရုံနဲ့ ကျန်းဟာအို ဘာပြောပြော ဟန်ဘင်းက အမှတ်သညာမရှိတဲ့သူလိုမျိုး အမြဲတမ်းခေါင်းညိတ်လက်ခံရတယ်။
နှင်းဆီငယ်ဆိုတာနဲ့ မောင်က အမြဲတမ်းဒူးထောက်အရှုံးပေးခဲ့ပြီးသား။

အခုလည်းကားပေါ်မှာ အခန့်သားထိုင်နေတဲ့ ဟာအိုက စောနက ဒေါသထွက်နေတဲ့ပုံစံနဲ့ လားလားမျှသက်ဆိုင်မနေဘူး။အဘွားရှေ့မှာ ဟန်ဘင်းကို အနိုင်ယူနိုင်ခဲ့လိုကျေနပ်နေတာလား၊ အဘွားကို အနိုင်ပိုင်းပစ်ခဲ့လို့ ပျော်နေတာလား ဝေခွဲရခက်တဲ့မျက်နှာထားလေးနဲ့ ။

"ဟာအို ၊ မောင့်ကို ပြောစရာတစ်ခုခုမရှိဘူးလား။ မောင်တော့ ဘာမှနားမလည်နိုင်တော့ဘူး "

"........"

"အခုဖြစ်နေတဲ့ပြဿနာတွေကို မောင်မစဉ်းစားတတ်တော့ဘူး။ ရှန်ချွမ်းရွေ့ဆိုတာရော ဘယ်သူလဲ။ ဘာလို့ ဟာအိုက အခုလောက်ထိ ဆက်ဆက်ထိမခံဖြစ်နေရတာလဲ"

သူ့ဘက်က ဘယ်လောက်ပဲပြောနေပါစေ၊ ဟာအိုကတော့ သူ့ကို ဥပက္ခာပြုထားဆဲ။ ဒီလိုလျစ်လျူရှုထားခြင်းမျိုးဟာ အခုမှမဟုတ် ၊ အရင်ချိန်တွေထဲက သူစိတ်မကြည်ချိန်တိုင်း ဟန်ဘင်းကို အမြဲတမ်းပစ်ထားတတ်တာ။
နှင်းဆီငယ်ဟာ တခါတလေကျရင် မောင့်ကို မရှိတဲ့လူတစ်ယောက်လိုမျိုး သဘောထားတတ်တယ်။

"ဟာအို ၊ မောင့်ကို တစ်ခုခုတော့ပြောပါဦးကွာ"

တစ်အိမ်လုံးမှာမှ သူတို့နှစ်ယောက်ပဲရှိတာကို ၊ ဟာအို အခုလို တိတ်ဆိတ်နေချိန်တိုင်း ဟန်ဘင်းမှာ ပူပန်မှုတွေနဲ့ အထီးကျန်ရတယ်။ သို့ပေမယ့် ကျန်းဟာအိုလေးကတော့ အမှားကင်းသလိုမျိုး မျက်နှာလေးက တင်းမာနေဆဲ။

If We Meet Again Where stories live. Discover now