Part - 14

828 112 84
                                    

ဆို့နင့်ဖို့ကောင်းတဲ့ ငိုရှိုက်သံတွေ ~~
ဟာအိုက ညဘက်မှာခြေလက်ဆေးပြီးအိပ်လိုက်တာပါ ။ အဲ့တာကို ဒီအသံတွေက ဘယ်ကကြားနေရတာလဲ။

"ဟာအို"

အသံလာရာကို ကြည့်လိုက်မိတော့ တစ်ဖက်လူဟာ ရှန်ချွမ်းရွေ့ တစ်နည်းအားဖြင့် သူ့ဦးလေး ။

"ဦးငယ် ၊ ကျွန်တော့်ဦးငယ်မလား "

"ငါတစ်ယောက်တည်း နာကျင်ခဲ့ရရင် လုံလောက်ပြီကို ဘာလို့ ကိုရီးယားကိုလာခဲ့ရတာလဲ "

သူ့အတွက်စိတ်ပူပြီး ပြောတဲ့စကားဆိုတာ သိနေတာမို့ ဟာအိုက ရှိုက်ကြီးတငင်ကို ငိုချလိုက်တော့တာပဲ။
ရှန်ချွမ်းရွေ့ဟာ အသက် ၂၀ တောင်မပြည့်သေးပေမယ့် ကြုံခဲ့တဲ့ ဒုက္ခတွေကြောင့် ရင့်ကျက်သွားတာလား။ ဒါမှမဟုတ် မတတ်သာတဲ့ အခြေအနေတွေကြောင့် ဟန်ဆောင်ရင့်ကျက်ပြခဲ့ရတာလား။

"ကင်ဂျီအွန်းကို အဲ့လောက်ချစ်တာလား ဦးငယ် "

"နောက်ဆုံးအချိန်ထိ ငါမျှော်လင့်ခဲ့တာ သူ့ဆီကထွေးပွေ့မှုတစ်ခုတည်းပဲ။ ဒါပေမယ့် အဲ့အရာလေးကိုတောင် ငါမရခဲ့ဘူး။  ညတိုင်းငိုခဲ့ရတာတောင် သူ့ကိုမမုန်းနိုင်ခဲ့တဲ့ငါက ငါ့ဘဝရဲ့  နောက်ဆုံးအချိန်မှ သူ့ကို စိတ်နာသွားခဲ့တာ ။
စိတ်နာနာနဲ့ပြောခဲ့တဲ့စကားတွေက အခုလောက်ထိဝဋ်ကြွေးတွေဆက်သွားမယ်လို့ မထင်ထားခဲ့ဘူး။ "

"ကျွန်တော်က ဦးငယ်ဝင်စားတာလား"

"လက်ရှိမင်းက အရင်ဘဝကငါပဲလေ။
မဖြစ်နိုင်တာသိပေမယ့် အမုန်းတွေပြေလိုက်ပါတော့ ဟာအို ။ မဟုတ်ရင် ဦးငယ်လို ပူလောင်ရလိမ့်မယ်"

"မဖြစ်နိုင်ဘူး ! သူတို့မိသားစုကို ကျွန်တော်မုန်းတယ် ! အရမ်းမုန်းတယ် "

အော်ဟစ်ရင်း ငိုလာခဲ့ရတဲ့ မနက်ခင်း။ အချိန်ကိုကြည့်လိုက်တော့ မနက် ၈ နာရီခွဲမလို့ ရှန်ဟိုင်းကို ချက်ချင်းဖုန်းလှမ်းဆက်လိုက်တော့တယ်။

-

"ဘွားဘွား ရှန်ချွမ်းရွေ့ဆိုတာ ကျွန်တော့ဦးလေးဆိုတာ ဘာလို့ မပြောခဲ့ရတာလဲ။ ဘာလို့ မျိုးရိုးထဲကတောင် ဖျောက်ထားခဲ့ရတာလဲ"

If We Meet Again Where stories live. Discover now