Part - 3

1.1K 150 76
                                    

"ဘယ်လိုလဲ ။ ဟာအို ။ ဒီအိမ်လေးကို သဘောကျရဲ့လား"

"အင်း ။ ငါ ဒီအိမ်လေးကိုတော်တော်သဘောကျတယ်"

"ဘာလို့ ကိုရီးယားကို ဗြုန်းစားကြီးရောက်လာရတာလဲ ။ ဒီအိမ်ကရော "

သူ သိချင်တာတွေသိရဖို့အတွက် ကိုရီးယား မှာ အချိန်အတော်ကြာနေရမှဖြစ်မယ် ။ အချိန်က လချီကြာနိုင်တာကြောင့် ဟိုတယ် မှာနေဖို့ကလည်းမဖြစ်တာမို့ နေရေး‌ထိုင်ရေးအတွက် ကိုရီးယားက သူ့သူငယ်ချင်း ကင်ဒုံဟွန်း ကို အစစအရာရာ အကူညီတောင်းရတော့သည် ။

"အလုပ်ကိစ္စလေးတွေကြောင့်ပါ ။ "

"ဒါဆို ငါ ပြန်လိုက်ဦးမယ် ။ တစ်ခုခုလိုရင် ငါ့ဆီဖုန်းဆက်လိုက်"

ဒုံဟွန်း ပြန်သွားမှပဲ ခြံတံခါးလေးတွန်းဖွင့်ကာ အိမ်ထဲဝင်လာခဲ့လိုက်တော့သည် ။ အိမ်လေးက ခြံနဲ့ဝန်း နဲ့ နေချင်စရာ သပ်သပ်ရပ်ရပ်အိမ်လေး ။ အိမ်ပိုင်ရှင်ဦးလေးကြီးနဲ့ တစ်ခြံတည်းဆိုပေမယ့် ကိုယ့်အခန်းနဲ့ကိုယ်မို့ အဆင်ပြေပါတယ်

"လူလေးက ဒီနေ့ပြောင်းလာတဲ့ သူလား "

"ဟုတ်ပါတယ် ဦး ။ ကျွန်တော် က ကျန်းဟာအို ပါ "

"သား က တရုတ်လား ။ သားကို မြင်တော့ ဟိုးအရင်က ဒီမှာနေသွားတဲ့ တရုတ်ကောင်လေးကိုတောင် သွားသတိရတယ်။
နှစ်တွေတော့ တော့ကြာပါပြီ ။ သူက ရှန်ဟိုင်းကနေ ဒီမှာ‌ကျောင်းလာတတ်တာလေ။ "

"ကျွန်တော်က ဒီမှာအလုပ်လာလုပ်တာဗျ။ အခုတော့ သွားလိုက်ပါဦးမယ်။ "

အိမ်ရှင်ဦးလေးကြီးကို နှုတ်ဆတ်ပြီး သူ့အခန်းထဲ ဝင်ခဲ့လိုက်တော့သည် ။

ကိုရီးယားစကားကို အရမ်းမကျွမ်းကျင်ပေမယ့် သာမန်လောက်တော့ ပြောတတ်တာမို့ သူ့အတွက်အဆင်ပြေသည်။ ဒါပေမယ့် တစ်ခါမှ ခြေတောင်မချဖူးတဲ့နိုင်ငံမို့ စိုးရိမ်စိတ်တွေက‌တော့ အများကြီးပဲ ။

တရုတ်မှာ ကျန်ခဲ့တဲ့ သူ့မိသားစုကတော့ သူ့ကိုတော်တော်စိတ်ပူနေမှာပဲ ။ ဒါပေမယ့် အမေတို့ကို နားဝင်အောင်
"အလုပ်ကိစ္စတွေပြီးရင်ပြန်ခဲ့မယ်" ဆိုပြီး သူစာနဲ့ သေချာရေးပေးခဲ့တာပဲ ။

If We Meet Again Where stories live. Discover now