Part - 6

934 119 55
                                    

// အစ်ကိုက ငါ့ကို ရှန်ရှန် တဲ့။ အစ်ကိုခေါ်လို့ထင်တယ်။ဒီနာမ်စားလေးကို သဘောကျတယ် //

ရှန်ချွမ်းရွေ့ ရဲ့ နေ့ရက်တိုင်းဟာ အစ်ကို နဲ့အစပြုပြီး အစ်ကိုနဲ့ အဆုံးသတ်ခဲ့တာ အတော်ကြာခဲ့ပြီ ။
အမြဲတမ်းဘတ်စ်ကားစီးတဲ့သူ့ကို အစ်ကိုက ကားနဲ့ တကူးတကလာခေါ်ရုံတင်မကပဲ အိမ်အထိလည်း လိုက်ပို့ပေးသေးတယ်။  တစ်နေ့တာကျောင်းမှာ ဖြစ်သမျှကို အစ်ကိုဆီ ပြန်ပြောပြရင်းနဲ့ အစ်ကို နဲ့ သူ့ရဲ့အခြေအနေဟာ တစ်နေ့တစ်ခြားတိုးတတ်လာခဲ့တယ် ။

သူတို့နှစ်ယောက်ဟာ ဘယ်လိုခေါင်းစဉ်အောက်ကပတ်သတ်မှုမျိုးလဲ မသိပေမယ့် တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ မေတ္တာထုထည်ဟာ သိပ်ကြီးမားတယ်။ ဝမ်းနည်းချိန်တိုင်း အနားမှာအတူရှိပေးတာမျိုး ၊ ပျော်ရွှင်ချိန်တိုင်း အတူတူပျော်ပေးတာမျိုး နဲ့ နီးလည်းမနီး ၊ ဝေးလည်းမဝေးတဲ့ အခြေအနေလေးတစ်ခုမှာအသားကျလာခဲ့တယ်။

အစ်ကိုကလည်း ရှေ့ဆက်မတိုးသလို ၊ ချွမ်းရွေ့ကလည်း ရှေ့မဆက်ချင်တဲ့ ဆက်ဆံရေးဟာ ကြည်နူးပျော်ရွှင်မှုတွေတော့ အပြည့်ရှိခဲ့တယ်။

"ရှန်ရှန် ၊ ခဏနားပြီးမှ စာဆက်ရေးလေ။ အာရုံအကြာကြီးစိုက်ရင် မျက်ရိုးတွေကိုက်လိမ့်မယ်"

ကျောင်းပိတ်ရက်မို့ ချွမ်းရွေ့ က အိမ်မှာစာလုပ်နေပေမယ့် အစ်ကိုကတော့ သူ့အိမ်ကို ရောက်ချလာခဲ့တယ်။ စာလုပ်နေတဲ့သူ့အတွက် နေ့လယ်စာပြင်ပေးရုံတင်မကပဲ ဘေးကနေထိုင်ပြီး ချွမ်းရွေ့လိုအပ်တာတွေကိုပါ လိုက်လုပ်ပေးနေသေးသည်။

ဘယ်ဆရာတပည့် ၊ ဘယ်အသိမိတ်ဆွေကမှ အခုလိုမလုပ်ပေးပေမယ့် သူတို့က ဘယ်လိုဆက်ဆံရေးမျိုးလဲ။ အဖြေကို ဂျီအွန်း ရော ၊ ချွမ်းရွေ့ ရောက မသိချင်ခဲ့ကြဘူး။

"အစ်ကို ၊ မနက်ဖြန် အစ်ကို့မွေးနေ့မလား ။ အိမ်ကိုလာခဲ့ပါလား။ သက်ရှည်ခေါက်ဆွဲလုပ်ကျွေးမယ် "

"ရှန်ရှန်ကလုပ်တတ်တယ်ပေါ့"

"ဟို_ တစ်ခါမှမလုပ်ဖူးပေမယ့် မေမေလုပ်တာကိုတော့ မြင်ဖူးတယ်။ အစ်ကို့ကို လုပ်ကျွေးချင်လို့ ။ အစ်ကိုက ကျွန်‌တော့်လက်ရာကို မစားချင်ဘူးလား "

If We Meet Again Where stories live. Discover now