Part - 11

787 119 59
                                    

"ကိုကြီး ထမင်းစားလိုက်ဦးနော်။ "

မာမားနဲ့ ပြဿနာအကြီးအကျယ်တတ်ပြီးတဲ့နေ့၊ တစ်နည်း သူပါးရိုက်ခံခဲ့ရတဲ့နေ့ပြီးထဲက မာမားဟာ သူ့အခန်းထဲကို ခြေဦးတောင်လှည့်မလာတော့ ။ သူ့ကို စိတ်ပျက်သွားတာလား၊ စိတ်ပဲကုန်သွားတာလားမသိပေမယ့် အခုချိန်ထိတိုင် သူ့ကို အခန်းထဲသော့ပိတ်ထားဆဲ။

"မီယွဲ့ ၊ ကိုကြီး ကို ကူညီပါနော်။ ကိုရီးယားကို ပြန်လို့ရအောင် လုပ်ပေးပါနော်"

"ဟင့်အင်း ။ မာမားသိသွားရင် သမီးကို သတ်မှာ။
အခုလိုမလုပ်ပဲ မာမားတို့စကားနားထောင်ပြီး အိမ်မှာပဲနေပါတော့လား။ အရင်တုံးကလည်း မာမားချော့တာကိုခံလိုက်ရင် ပြန်အဆင်ပြေသွားတာပဲကို"

ကလေးသာသာပဲရှိသေးတဲ့ သူ့ညီမလေးဟာ သူတို့ဖြစ်နေတဲ့ ပြဿနာတွေကိုမသိ။ အရင်ချိန်တွေတုံးက လိုချင်တာမရလို့ မာမားကို စိတ်ကောက်ခဲ့တဲ့ အခြေအနေတွေလို့ပဲ ထင်နေပုံပေါ်တယ်။

"အရင်လို မာမားချော့လိုက်ရုံနဲ့ပြေလည်သွားမယ့် ကိစ္စတွေနဲ့မတူဘူး။ မီယွဲ့  "

"မာမားနဲ့ပါပါး ပြောနေတာကို ကြားတယ်။ ကိုကြီးချစ်သူက သူတို့သဘောမတူနိုင်တဲ့သူဆို။ "

"ဟုတ်တယ်။ ဒါပေမယ့် ကိုကြီး သူ့ကို ချစ်တယ်။ သူသာမရှိရင် ကိုကြီးသေမှာ ။ ကိုကြီးကို ကူညီပါနော်။ မာမားမသိအောင် အခန်းသော့လေး ယူပေးပါနော် "

သူမရှေ့မှာဆို အမြဲတမ်းပြုံးနေခဲ့တဲ့ သူမအစ်ကိုဟာ အခုချိန်မှာတော့ ရှိုက်ကြီးတငင်ကို ငိုနေခဲ့တယ်။ အရင်ကဆို မာမားတဲ့ ပါပါးရဲ့ အလိုလိုက်ခံလေးဖြစ်ခဲ့တဲ့ ကိုကြီးဟာ အခုချိန်မှာတော့ သူမလက်ကို အားကိုးတကြီးနဲ့ဆုပ်ကိုင်ရင်း တောင်းဆိုနေတာဖြစ်တယ်။

"ညီမလေး ကူညီလိုက်ရင် ကိုကြီး ပျော်မှာလား။
အခုလို မငိုတော့ဘူးမလား"

"အင်း။ ကိုကြီး အရမ်းပျော်သွားမှာ။ ဒါကြောင့် မီယွဲ့လေးက ကူညီမယ်မလား  "

သူမအစ်ကိုရဲ့ စကားကို သူမက ခေါင်းတဆတ်ဆတ်ညိတ်ပြလိုက်တော့တယ်။ အဲ့အချိန်မှာ သူမခေါင်းထဲရှိတာ သူမအစ်ကို့ကို မြင်နေကျအတိုင်း ပြုံးနေစေချင်တဲ့ စိတ်လေးတစိခုပဲရှိခဲ့တာ ။ ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်က အဲ့တာထက်ပိုပြီး ဘာမှမစဉ်းစားတတ်ခဲ့ဘူး။

If We Meet Again Where stories live. Discover now