Part - 4

1K 123 40
                                    

// ဒီနေ့ ကိုရီးယားမှာ ကျောင်းတတ်တဲ့ ပထမဆုံးရက် ။
ရင်တုန်လိုက်တာ။ ဒါပေမယ့်  အရမ်း‌ချောတဲ့ ဆရာ နဲ့ တွေ့ခဲ့တယ်။ ဆရာက အရမ်းသဘောကောင်းတာပဲ //

-

အိမ်က အမေတို့နဲ့ အတိုက်အခံလုပ်ပြီး ကိုရီးယားကို ကျောင်းပြောင်းလာခဲ့မိတာ ပထမဆုံးရက်မှာတင်  ချွမ်ရွေ့က နောင်တရချင်နေပြီ။
အရာအားလုံးက အသစ်အဆန်းလိုဖြစ်နေပြီး အပေါင်းအသင်းလည်း မရှိသေးတော့ သူ့စာသင်ခန်းကိုမသိတာတောင် ဘယ်သူ့ကိုမှ မမေးရသေးဘူး။
ကိုရီးယားစကားကလည်း သိပ်မပီသေးတော့ သူ့ဘက်ကနေစပြီး စကားလည်းမပြောရဲဘူး။

အဆင်မပြေမှုတွေ စုနေတာမို့ ရှန်ချွမ်ရွေ့ ဟာ ကျောင်းဝရန်တာလေးမှာ မျက်နှာလေးကို မဲ့လို့ ခေါင်းငုံပြီး ရပ်နေမိတယ်။

"ကျောင်းသား ဘာဖြစ်နေတာလဲ "

သူ့ကျောကိုလက်လေးပုတ်ပြီး မေးလာတဲ့ လူတစ်ယောက်ကြောင့် ဝမ်းသာသွားပြီး အနောက်ကိုလှည့်ကြည့်လိုက်တော့ တော်တော်ချောတဲ့သူ ။ သူ့ကိုလည်း ကူညီလိုစိတ်အပြည့်နဲ့ နွေးနွေးထွေးထွေးမေးလာတယ်။

သူ့ကိုလည်း ကျောင်းသားလို့ခေါ်တာမို့ ဆရာဖြစ်ဟန်တူတယ်။

"ဆရာ ဘာကူညီပေးရမလဲ "

"ဟို - အခန်းရှာမတွေ့လို့ ။ ပထမနှစ် ပန်းချီက "

ဝဲတဲတဲလေသံနဲ့အတူ သူ့စကားသံကတိုးတာမို့ ဆရာက သူ့နားကို ပိုကပ်လာတာမို့ နောက်တစ်ကြိမ်ထပ်ပြောလိုက်ရသည်။
ဆရာက အဲ့လောက်ကြီး ကပ်လာတော့ ချွမ်ရွေ့ မှာ ရင်တွေတုန်လိုက်ရတာ ။ ကြောက်စိတ်တွေထင်ပါတယ်။

"ဪ - ဆရာလိုက်ပို့ပေးပါ့မယ် ။ ဆရာက သင်္ချာသင်တာလေ။ minor ဆိုပေမယ့် သေချာလုပ်နော်။ သင်္ချာမရရင် ဆရာက ရိုက်မှာ "

သူ ကြောက်နေတာကို ရိပ်မိလို့ထင်ပါတယ်။ ဆရာက ရယ်စရာလေးတွေ ပြောလာသေးသည်။ ဒါကြောင့် သူဟာ နည်းနည်းတော့စိတ်လက်ပေါ့ပါးလာရသည်။

"ကျောင်းသားနာမည်က ဘယ်လိုခေါ်လဲ"

"ရှန်-- ရှန်ချွမ်ရွေ့ပါ "

"ဪ - တရုတ်လူမျိုးထင်တယ်။ အကူအညီလိုရင် လာတောင်းနော်။ ဆရာ့ကို ဘာမှအားမနာနဲ့ ။ "

If We Meet Again Where stories live. Discover now