Part - 9

959 123 49
                                    

// ငါ နဲ့ ကိုကိုအကြောင်းကို ကိုကို့မိသားစုကသိသွားပြီ။
ကိုကို့ကို မခွဲနိုင်ဘူး။ဘယ်လိုလုပ်ရမလဲ။ ကိုကိုက ငါ့ကိုမရွေးချယ်ခဲ့ရင်ရော //

ကိုကို့မှာစေ့စပ်ရမယ့်သူရှိတာ သိခဲ့ပေမယ့် ချွမ်းရွေ့တို့ရဲ့ အချစ်ခရီးလမ်းက ပြေလည်နေဆဲပဲ။ ဘယ်သူမှမသိအောင် တိတ်တိတ်လေးချစ်နေကြရင်းနဲ့ သူတို့ရဲ့ ကမ္ဘာလေးဟာ အဆင်ပြေခဲ့ပေမယ့် မထင်ထားတဲ့အရာတွေက ကြုံလာခဲ့တယ်။

အဲ့အရာဟာ ချွမ်းရွေ့မေ့နေခဲ့တဲ့ ကိုကို့ ရဲ့ မိသားစု ပဲ။

-

"ဂျီအွန်း ၊ ယူဂျောင်း နဲ့ စေ့စပ်ဖို့တိုင်ပင်ထားတာ ကြာနေပြီ။ ယူဂျောင်းမိဘတွေကိုလည်း အားနာဖို့ကောင်းနေပြီ။ စေ့စပ်ကြတော့လေ။ နောက်လလောက်ဆို အဆင်ပြေမလား "

"ကျွန်တော် ယူဂျောင်း နဲ့ မစေ့စပ်နိုင်ဘူး "

သူ့ရဲ့ အငြင်းစကားကြောင့် အမေက မလိုမကျတဲ့ပုံစံဖြစ်သွားတယ်။ သို့ပေမယ့် သူ့ကိုချော့မော့ပြောချင်နေတဲ့ အရိပ်အယောင်တွေ အမေ့မျက်နှာမှာ မြင်နေရတယ်။

"သားပဲ လက်ခံခဲ့တာမဟုတ်ဘူးလား"

"အဲ့တာ အရင်က။ အခု ကျွန်တော်ချစ်တဲ့သူကို တွေ့နေပြီ။ သူကလွဲပြီး ဘယ်သူ့ကိုမှ ကျွန်တော်လက်မထပ်နိုင်ဘူး"

"အဲ့တစ်ယောက်က ဘယ်သူလဲ မေမေ့ကိုပြော ။
သားသာ အဲ့မိန်းကလေးကို ချစ်တယ်ဆိုရင် မေမေလက်ခံပေးမယ်"

"သူက _ သူက မိန်းကလေး မဟုတ်ဘူး အမေ။
ကျွန်တော့်လိုပဲ ယောကျာ်းလေးတစ်ယောက်  "

ဂျီအွန်း ရဲ့ စကားကြောင့် အမေ့လက်ထဲမှာကိုင်ထားတဲ့ အအေးခွက်က အောက်ကိုပြုတ်ကျကာ ကွဲသွားတော့တယ်။ အံ့ဩမှုတွေနဲ့ အမေက သူ့ကိုလည်း မယုံနိုင်သလို ငေးကြည့်နေလေရဲ့ ။

"ဘာ- ဘာပြောလိုက်တယ် ကင်ဂျီအွန်း !!
မင်းရူးနေတာလား "

"ကျွန်တော်မရူးဘူး။ ကျွန်တော် သူ့ကိုပဲ ချစ်တယ်။ သူကလွဲပြီး ဘယ်သူ့ကိုမှ လက်မထပ်နိုင်ဘူး"

ဖြောင်း

အမေ့ရဲ့ အားပြင်းတဲ့ ရိုက်ချက်တစ်ခုဟာ သူ့ပါးပေါ် ကျရောက်လာတော့တယ်။သူတို့ရဲ့ ဆူဆူညံညံအသံတွေကြောင့် အိမ်ထဲက သူ့ညီမလေးကပါ သူတို့နားရောက်လာတော့တယ်။
အမေက ငိုရင်းနဲ့ ဂျီအွန်းကျောကုန်းကို ဆက်တိုက်ထုရိုက်နေတာမို့ ညီမလေးကပါ ဝင်ဆွဲရတဲ့အထိ။

If We Meet Again Where stories live. Discover now