Part - 16

933 105 81
                                    

"ညနေတောင်စောင်းနေပြီ ။ ဆောင်းဟန်ဘင်းက အခုချိန်ထိပြန်မလာသေးဘူး"

အစောပိုင်းကပြဿနာတွေဘယ်လောက်ပဲတတ်ခဲ့တတ်ခဲ့  အချိန်တန်လို့ ဆောင်းဟန်ဘင်း အိမ်ပြန်မရောက်လာသေးတဲ့အခါ အိမ်ရှေ့တံခါးဝလေးမှာ လည်လေးတဆန့်ဆန့်နဲ့မျှော်ရပြန်တယ်။
မျှော်နေပေမယ့်လည်း တကယ်လို့သာအခုချိန် ဆောင်းဟန်ဘင်း ပြန်ရောက်လာခဲ့ရင် ဟာအိုက အလိမ်အညာတွေနဲ့ မသိချင်ယောင်ဆောင်ပစ်ဦးမှာ။ ရှေ့တင်မှာတော့ ဘယ်လောက်မုန်းကြောင်း ၊ ဘယ်လောက်မ‌ကျေနပ်ကြောင်းပြောနေပေမယ့် အချစ်တွေကိုတော့ ဟန်ဘင်းမမြင်အောင် ဖုံးကွယ်ထားဆဲ။

Ring Ring

စိတ်မကြည်နေတာကြောင့် ဖုန်းချပစ်ဖို့လုပ်လိုက်ပေမယ့် ခေါ်ဆိုသူဟာ ဆောင်းဟန်ဘင်း ဖြစ်နေတာမို့ ဟာအိုက ကိုင်လိုက်တော့သည်။

"ဟယ်လို ၊ မင်းပြန်မလာသေး - "

"ဒီဖုန်းရဲ့ပိုင်ရှင် ကား accident ဖြစ်လို့ ဟယ်ဆောင်းဆေးရုံကို လာခဲ့ပေးနိုင်မလား။ သူ့ရဲ့ emergency contact မှာ ဒီဖုန်းနံပါတ်တွေ့လို့ ဆက်လိုက်တာပါ"

သူ့လက်ထဲကလွတ်ကျသွားတဲ့ဖုန်းနဲ့အတူ ဟာအိုကလည်း သူကိုယ်တိုင်လဲကျမသွားအောင် မနည်းပြန်ထိန်းလိုက်ရတယ်။
သူအခု ဘာတွေကြားလိုက်ရတာလဲ။ စောနကလေးကတင် ဟန်ဘင်းက သူနဲ့ စကားများရန်ဖြစ်ခဲ့သေးတာမလား။
အဲ့တာကို ရုတ်တရက်ကြီး ဘာလို့ ကားတိုက်ရမှာလဲ။

တုန်ရီနေတဲ့ခြေလှမ်းတွေနဲ့အတူ ဟာအိုက ဟယ်ဆောင်းဆေးရုံဆီ အမြန်ထွက်လာခဲ့လိုက်တော့သည်။
ဆေးရုံကိုရောက်လာခဲ့ပေမယ့် ကောင်တာဆီကို ဟန်ဘင်းက မသွားရဲသေးဘူး။သူမေးလိုက်လို့ သူမကြားချင်တဲ့အဖြေပေးလာခဲ့ရင် ဘယ်လိုလုပ်မလဲ။

"စောနက ကားတိုက်လို့ ရောက်လာတဲ့လူနာက ဘယ်မှာလဲ"

"သုံးလွှာက ခွဲစိတ်ခန်းထဲမှာပါ။ ကာယကံရှင်ရဲ့ ဖုန်းက ဒီမှာပါနော် "

ဟာအို ဆီကမ်းပေးလာတဲ့ ဖုန်းလေးကို ဟာအိုက တုန်လှုပ်နေတဲ့ လက်တွေနဲ့ လှမ်းယူလိုက်တယ်။ ဖုန်းမျက်နှာပြင်မှာတောင် သွေးတွေပေနေခဲ့တာ သူက ဘယ်လိုသတ္တိမျိုးနဲ့ ခွဲစိတ်ခန်းဆီ ရောက်အောင်သွားနိုင်မှာလဲ။ သို့ပေမယ့်လည်း နှေးကွေးတဲ့ ခြေလှမ်းတွေနဲ့ ခွဲစိတ်ခန်းရှေ့ကို အရောက်သွားခဲ့ရတာပါပဲ။

If We Meet Again Where stories live. Discover now