Part - 5

983 124 62
                                    

// ဒီနေ့ ဈေးထွက်ဝယ်တုံး ဆရာနဲ့တွေ့ခဲ့ရ‌တယ်။ ငါဆိုသည်မှာလည်း ဆရာ့ဆီက အမြဲတမ်း အကူအညီယူနေရတယ်။

ဒီနေ့တော့ ဆရာ့နာမည်သိခဲ့ရပြီ။ ကင်ဂျီအွန်း တဲ့ //

ကျောင်းပိတ်ရက်မို့ ချွမ်းရွေ့ ဟာ သူတို့ရပ်ကွက်က ဈေးထဲကို လိုချင်တာတွေဝယ်ရန်ထွက်လာခဲ့တယ်။
ရှန်ဟိုင်းမှာ ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ ၊ ကိုရီးယားမှာမို့ ခြွေတာပြီးသုံးရတယ် ။ အိမ်ကပေးလိုက်တဲ့ အသုံးစရိတ်နဲ့မလောက်ရင် ဒုက္ခ ။ ပိုက်ဆံလိုရင် အိမ်ကပို့ဖို့ မလွယ်ဘူးလေ ။

အဲ့လိုခြွေတာမယ်ဆိုတဲ့ အစီအစဉ်နဲ့ ချွမ်းရွေ့ဟာ ဈေးလာတော့ ငွေနည်းနည်းပဲထည့်လာခဲ့မိတယ် ။ ဈေးထဲ ဟိုဟာဝယ် ၊ ဒီဟာဝယ် နဲ့ ငွေကလိုနေပြန်ရော ။
ပိုက်ဆံရှင်းရမယ့်အချိန်ကျ ဒုက္ခရောက်နေတာမို့ ဆိုင်ပိုင်ရှင်အန်တီကြီးကလည်း ရိပ်မိတယ်ထင်ပါရဲ့။

"သားလေး ၊ ဘာဖြစ်လို့လဲ "

"ဟို - ပစ္စည်းလေးနည်းနည်းလောက်ပြန်လျှော့လို့ရမလား"

"မလျှော့ပါနဲ့။ အဲ့အတိုင်းပဲ ထည့်လိုက်ပါ။ လိုတာကျွန်တော်ရှင်းပါ့မယ် "

"ဆရာ ! "

ရင်းနှီးနေတဲ့အသံကြောင့် လှည့်ကြည့်မိတော့ ဆရာ ။
ကျောင်းပိတ်ရက်ကြီး ဘယ်လိုတိုက်ဆိုင်တာလဲမသိပေမယ့် ဆရာကတော့ သူ့ကို ဒီတခါလည်း ကူညီခဲ့ပြန်တယ်။  သူ အကူအညီလိုချိန်တိုင်း ဆရာကရောက်လာတတ်တာမို့ ဆရာ့အပေါ် အားကိုးစိတ်တို့ကို ထူးထူးခြားခြားခံစားလိုက်ရတယ် ။

ဆရာက မြင်နေကျပုံစံအတိုင်း ရှပ်အင်္ကျီနဲ့ ရိုးရိုးဘောင်းဘီလေးပဲဝတ်ထားတာတောင် သူ့မျက်လုံးထဲ ချောနေတုံးပဲ ။ ဆရာက ကြည့်ကောင်းလိုက်တာ။

"ဘာတွေငေးနေတာလဲ ချွမ်းရွေ့
သွားကြမယ်လေ "

‌ကြောင်ငေးနေမိတဲ့သူ့ကို ဆရာကပဲ လက်ကောက်ဝတ်ကနေဆွဲခေါ်ပြီး ဈေးထဲကထွက်လာခဲ့တယ် ။

"‌ချွမ်းရွေ့ တို့ကကွာ ။ ဒီလောက်ကူညီတာတောင် ကျေးဇူးတင်စကားမပြောသေးဘူး "

"ကျေး- ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း ဆရာ့ဆီကပဲ အမြဲအကူအညီယူနေရတယ် ။ ဒါနဲ့ ဆရာက ဒီကို ဘယ်လို -? "

If We Meet Again Where stories live. Discover now