Part - 18

866 111 46
                                    

မောင်ဘယ်လိုလုပ်ပေးမှ မင်းအမုန်းတွေပြေမှာလဲတဲ့။
မောင့်ဘက်က မခယခင်ထဲက ဟာအိုက မောင့်အပေါ် ချစ်နေမိပြီးသား ဆိုတာ မောင်ဘယ်တော့မှသိလာမှာမဟုတ်ဘူး။
မောင့်အသိဉာဏ်ထဲမှာ ဟာအိုက အမုန်းတွေပြည့်နေတဲ့သူ၊ အတ္တတွေ မာနတွေကို ‌အရာရာထက်ရှေ့တန်းတင်ထားတဲ့သူလို့ပဲ အမြဲတမ်းရှိနေခဲ့တာ။ မောင်မသိအောင် သူ့ဘက်က အမြဲတမ်းပေးခဲ့တဲ့ ဂရုစိုက်မှုတွေကို မောင်မြင်လာမှာလည်းမဟုတ်သလို ဟာအိုကလည်း ဖွင့်ပြောမှာမဟုတ်ဘူး။

မောင့်ကို မုန်းတယ်တဖွဖွပြောနေခဲ့ပေမယ့် အမုန်းတွေအောက်မှာ သိုဝှက်ထားတဲ့အချစ်တွေက စတွေ့ချိန်ထဲက ရှိနေခဲ့တယ်။
မောင့်ရှေ့မှာ ကင်ဒုံဟွန်း နဲ့ တွဲပြခဲ့တဲ့ အကြောင်းပြချက်က ‌ကင်ဒုံဟွန်းချစ်နေတာ မောင်ဖြစ်နေလို့ပဲ။ မောင်က ဟာအိုကိုချစ်တယ်။ အဲ့တော့ ပြိုင်ဘက်ကိုအနားခေါ်ထားမယ်ဆိုတဲ့စိတ်နဲ့ ဒုံဟွန်းက ဟာအို့ဆီလာတယ်။ မောင့်ကို အရွဲ့တိုက်ပြချင်တာရော ၊ မောင့်ကိုစိတ်မချတာနဲ့ရော ဟာအိုက ဒုံဟွန်းကို လက်ခံခဲ့တာပဲ။

ဆေးရုံမှာ လူနာလာမေးတဲ့ဒုံဟွန်းကို ခါးခါးသီးသီးငြင်းဆန်ခဲ့တာလည်း မောင့်ကို သဝန်တိုလို့ ။ ဒါကိုမောင်ကတော့ ရည်းစားဟောင်းကို သဝန်တိုပါတယ်ဆိုပြီး ထင်နေမှာပေါ့။
ဟာအိုမသွားခိုင်းတဲ့ ညစာစားပွဲည။ အမှန်ဆို ဟာအိုက မောင့်ကို ကင်ဒုံဟွန်းဆီက ဖုန်းမလာခင်အထိ သွားခွင့်ပြုထားခဲ့တာ။

"ဘာလို့ ဟန်ဘင်းကို ဒဏ်ရာတွေပဲပေးနေရတာလဲ။ မချစ်ရင်လည်း ကွာရှင်းလိုက်လေ"

"ဆောင်းဟန်ဘင်းက ငါ့လူ ။ ငါ့ဘက်က သူ့ကိုချစ်သည်ဖြစ်စေ၊ မချစ်သည်ဖြစ်စေ  ငါ့အပိုင်ဆိုတာကမပြောင်းလဲသွားဘူး။ ကိုယ့်ကို ပြန်မချစ်နိုင်တဲ့သူကို မျှော်လင့်မနေနဲ့ ကင်ဒုံဟွန်း "

အဲ့လိုစကားကနေစလို့ မငြိမ်းနိုင်တဲ့ ဒေါသတွေနဲ့ ပြဿနာတတ်ရင်း အဆုံးသတ်မှာတော့ ချစ်တယ် ဆိုတဲ့စကားနဲ့အတူ မောင့်ရင်ခွင်ထဲပြိုလဲရတာပါပဲ။
မောင်ကတော့ ဘယ်အချိန်ကစချစ်ခဲ့တာလဲဆိုပြီး မေးလာပေမယ့် ဟာအိုက နှုတ်ဆိတ်နေခဲ့တယ်။
မောင့်ကိုသူချစ်တယ်ဆိုတာ မောင်သိရုံနဲ့တင် လုံလောက်ပြီ။
ဘယ်လောက်ချစ်တယ် ၊ ဘယ်မျှချစ်တယ်ဆိုတာတွေအထိ သိဖို့မလိုဘူး။

If We Meet Again Where stories live. Discover now