Part-2

462 58 23
                                    

ဆူညံတယ်၊ နားငြီးတယ်၊ ရှုပ်ထွေးတယ်၊ အရေးမပါတဲ့ ဆက်ဆံရေးတွေနဲ့ပြည့်နှက်နေတယ်ဆိုတဲ့အရည်အချင်းတွေအကုန်လုံးနဲ့ပြည့်ဝတဲ့နေရာက ဒီတစ်ခုတည်းသာ။ ထိုနေရာက တခြားတော့မဟုတ် သူအခုရောက်နေတဲ့ စာသင်ခန်းပင်ဖြစ်သည်။

ဘာမှထွေထွေထူးထူးတော့မဟုတ်၊ နောက်ဆုံးတန်း ခုံအလွတ်မှာ ခြေကိုချိတ်ပြီး လက်ပိုက်ကာထိုင်နေရင်း စိတ်ပျက်စွာ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိရုံ။

သူစိတ်ရှိတိုင်းသာ လုပ်လိုက်မယ်ဆိုရင်ဖြင့် အခန်းထဲရှိသမျှလူအကုန်အသက်ပျောက်နေလောက်မယ်ထင်တယ်။

"ဒီမှာထိုင်လို့ရလား"

အသံလာရာကို မော့ကြည့်လိုက်တော့ နှာတံချွန်ချွန်နဲ့ကောင်လေးက လွယ်အိတ်ကို တစ်ဖက်ထဲလွယ်ကာ သူ့ကိုကြည့်နေသည်။

ထိုသူ​၏အသွင်ကို ခေါင်းကနေ ခြေဖျားအထိ ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ သူ့ထပ်အရပ်အနည်းငယ်ပုပြီး ခန္ဓာကိုယ်ပုံသဏ္ဌာန်က သေးသယောင်ယောင်။

သို့သော်လည်းရင်အုပ်ခပ်ကျယ်ကျယ်နှင့် လက်မောင်းကြွက်သားတွေက လေ့ကျင့်ခန်းအလုံအလောက်လုပ်ထားပုံကိုဖော်ပြလျက်။

"ဟိုမှာ ခုံအလွတ်တွေအများကြီးရှိတယ်တွေ့လား"

"အာ....အဲ့ဘက်က စကားကို ဘာသာပြန်ရမယ်ဆိုရင် ဒီမှာလာမထိုင်နဲ့ဆိုတဲ့ သဘောပေါ့"

"နားလည်လွယ်တာပဲ"

ရှည်ရှည်ဝေးဝေးပြောစရာမလိုပဲ ကိစ္စပြတ်သွားသည်မို့ ဝမ်းသာသလိုလိုဖြစ်သွားပေမဲ့ လက်တွေ့မှာတော့ ထိုကဲ့သို့မဟုတ်။

နှာတံချွန်ချွန်နဲ့ကောင်လေးက ဘာမှပြန်မပြောပဲ သူ့ဘေးမှာရပ်နေစဲမို့ စိတ်ထဲ ကသိကအောက်ဖြစ်လာပြီး

"နားလည်တယ်ဆိုလဲ မြန်မြန်ထွက်သွားပေးပါလား"
"မြင်ရတွေ့ရတာ အဆင်ပြေမနေဘူး"

သူ့စကားကိုလဲ တစ်ဖက်သူက သဘောကျပုံမရ။ သူ့နှုတ်ခမ်းကိုလက်ဖြင့်သပ်ကာ လွယ်အိတ်ကို ထိုင်ခုံပေါ်တင်လိုက်ပြီး

"ဘယ်လိုလုပ်မလဲ..."

"......."

"ကျောင်းကိုလာကတည်းက စိတ်လှုပ်ရှားနေခဲ့တာ...." "ဒီနေရာမှထိုင်ရဖို့အတွက်လေ"

UnforgivenWhere stories live. Discover now