"သားလေးရယ်...ဘာလို့အမေ့ကိုထားခဲ့တာတုန်း" "အမေ့မှာ သားအပြင်မရှိပါဘူးလို့ တဖွဖွပြောထားရဲ့သားနဲ့ဘယ်လိုဖြစ်ရတာလဲ!!!!"
ပူဆွေးမှုတွေပြည့်နှက်နေတဲ့ အသုဘခန်းမကြီးက လင်းထိန်နေပေမဲ့ မကောင်းတဲ့အငွေ့အသက်တွေပြည့်နေသလိုခံစားရသည်။ အော်ဟစ်ပြီး ငိုကြွေးနေတဲ့သူက ငိုကြွေးနေစဲဆိုပေမဲ့ အသုဘကိုလာတဲ့သူမှာ လက်ချိုးရေလို့ရလောက်သည်အထိ နည်းပါးလွန်း၏။
"အန်တီရယ် မငိုပါနဲ့တော့ ထယ်မင်းက ကောင်းရာမွန်ရာကိုရောက်သွားမှာပါ"
အဆင်သင့်ယူဆောင်လာတဲ့ တစ်ရှူးကို ရင်ထုငိုနေတဲ့သူလက်ထဲထည့်ပေးရင်း ဖြေသိမ့်ပေးလိုက်သည်။ သေတဲ့သူကလဲ သေပြီမို့ အသက်ရှင်နေတဲ့သူကလဲ ရှင်သန်ရဦးမည်လေ။ လက်ထဲက တစ်ရှူးဖြင့်မျက်ရည်တွေကိုသုတ်ကာ သူ့ရှေ့ကထိုင်နေတဲ့သူကိုမော်ကြည့်တော့ သူမြင်နေကျမျက်နှာပိုင်ရှင်ပင်။
"သားလေး ဟျူခါ လာတယ်လား"
"ဟုတ်ကဲ့အန်တီ"
"စီနီယာရဲ့သတင်းကိုကြားကြားချင်း တော်တော်လေး ဝမ်းနည်းသွားတာ" "မနေ့ကအထိ အတူတူ လျှောက်လည်ပြီး မုန့်တောင်ဝယ်ကျွေးလိုက်သေးတယ်""အေးပေါ့ သားလဲ တော်တော်ဝမ်းနည်းရှာမှာပေါ့"
"ထယ်မင်းက မင်းထပ်သာ ကြီးတာ စိတ်က ကလေးစိတ်ကွဲ့....သားဟျူခါကို ခင်ရှာပါတယ်""စီနီယာက ဘယ်လိုဖြစ်တာလဲ အန်တီ" "အရင်ကတည်းက စိတ်ကျရောဂါခံစားနေရတာလား"
"အန်တီလဲ မသိပါဘူးသားရယ်....အန်တီ့မှာ ငွေနောက်လိုက်ရင်း ငွေနောက်လိုက်ရင်း သားနဲ့အနေဝေးသွားခဲ့သလားတောင်မသိပါဘူး"
"ကျွန်တော်လဲ စီနီယာနဲ့ရင်းနှီးတာ တစ်လလောက်ပဲရှိသေးတော့ အဲ့လိုဖြစ်မယ်မထင်ထားခဲ့ဘူး...."
"တကယ် အန်တီနဲ့ထပ်တူ စိတ်မကောင်းဖြစ်ရတာပါ"ဟျူနင်းမှာ မျက်လွှာကိုချထားရင်း သူ့ဘေးကအသီးခြင်းကို ထယ်မင်းရဲ့အမေဖြစ်သူအား ပေးလိုက်သည်။
"ဝမ်းနည်းနေပေမဲ့ အာဟာရဖြစ်အောင်တော့စားရမှာပေါ့"
"အဖေ တရုတ်ကပို့လိုက်တဲ့အသီးတွေမို့လို့ အန်တီတစ်ယောက်ထဲ ကုန်အောင်စားရမယ်နော်"
"အဲ့တာမှ ထယ်မင်းလဲ အန်တီ့ကိုစိတ်ချပြီး ကောင်းကင်ဘုံမှာ အေးအေးဆေးဆေးနေနိုင်မှာ"
![](https://img.wattpad.com/cover/342381578-288-k368078.jpg)
YOU ARE READING
Unforgiven
Fanfiction"Daniel...မောင့်ကိုကြည့်ပါဦး" "......" "မောင့်ကို ချစ်နေသေးတယ် မဟုတ်လား"