အဝါရောင် spotlightတွေလင်းထိန်နေတဲ့ အခန်းအကျယ်ကြီးက အပ်ကျသံတောင် မကြားရသည်အထိတိတ်ဆိတ်နေ၏။ ထိုအခန်းထဲ အဖြူရောင် suit ကိုဝတ်ထားတဲ့သူတွေက ဆယ်ယောက်ထပ်မနည်း။ သူတို့အလယ်မှာတော့ အဖြူရောင် Shirtကိုဝတ်ကာ ဆံပင်ကိုလှန်တင်ထားသည့် အမျိုးသားက အနက်ရောင်ဆိုဖာပေါ်မှီထိုင်နေသည်။ ထို့နောက် ထိုအမျိုးသားက ခြေထောက်ကိုချိတ်ကာထိုင်ရင်း
"နှိုးလိုက်"
ပြတ်သားကာ ကြည်လင်နေတဲ့အမိန့်သံနှင့်အတူ ရေအပြည့်ဖြည့်ထားတဲ့ပုံးထဲက ရေတွေအကုန်လုံးဟာ အိပ်မောကျနေတဲ့သူအပေါ် ဝုန်းခနဲကျရောက်သွား၏။
"အဟွတ် အဟွတ်! အဟွတ်!"
ရေမွန်းတဲ့အရှိန်ကြောင့် နိုးလာသည့်ကောင်လေးမှာ အသက်ကို မနည်းရှူနေရသလို အညိုရောင်ဆံပင်ခပ်ပွပွလေးတွေဟာလဲ သွန်ချလိုက်တဲ့ရေတွေကြောင့် စိုရွှဲလျက်။
နဖူးပေါ်ရစ်ဝဲနေပြီး မျက်တောင်ရှည်ရှည်လေးတွေကြားက ရေစက်တွေက တပေါက်ပေါက်ကျနေသေးသည်။ ထို့နောက် ထိုင်နေသည့်အမျိုးသားမှာ သူ့ဘေးစားပွဲပေါ်က သဘက်အဖြူအကြီးကိုယူပြီး သူ့ရှေ့ကို တစ်လှမ်းချင်း လျှောက်လာ၏။
သစ်သားခုံပေါ်က ကောင်လေးကတော့ နောက်ပြန်ကြိုးတုပ်ခံထားရပေမဲ့ ဇကတော့ သေးပုံမပေါ်။
"ဘယ်သူလဲ!"
"ဘာလို့ ငါ့ကိုခေါ်လာတာလဲ!"မတ်တတ်ရပ်နေတဲ့ ကောင်လေးက သူ့မေးခွန်းကို သဘောကျဟန်ပေါ်သည်။ ထို့ကြောင့် ဟက်ဟက်ပက်ပက်ရယ်လိုက်ပြီး သူ့လက်ထဲက သဘက်ကို ခေါင်းပေါ်တင်ကာ စိုနေတဲ့ရေတွေကိုသုတ်ပေးရင်း
"အခုမှရောက်လာတဲ့ ဧည့်သည်ကို ဒီလိုဆက်ဆံတာ နည်းနည်းများသွားလားမသိဘူး...."
သူ့ဘက်က အေးအေးဆေးဆေး ခေါင်းသုတ်ပေးနေပေမဲ့ သစ်သားခုံပေါ်ကသူကတော့ သူ့ရဲ့ခေါင်းကိုအငြိမ်မနေ။ ထို့ကြောင့် ယမ်းနေတဲ့ခေါင်းတစ်ခုလုံးကို သူ့ရဲ့လက်နှင့်အုပ်မိုးပြီး ဖိချလိုက်သည်။
"ဘာလို့ အငြိမ်မနေနေတာတုန်း....တစ်သက်လုံးမလှုပ်နိုင်တော့အောင် လုပ်ပေးရမလား! ဟမ်!"
YOU ARE READING
Unforgiven
Fanfiction"Daniel...မောင့်ကိုကြည့်ပါဦး" "......" "မောင့်ကို ချစ်နေသေးတယ် မဟုတ်လား"