"ဘင်းလေးရေ ဒီကိုကြည့်ပါဦး"
'ဘင်းလေး'ဆိုတဲအသုံးအနှုန်းကြောင့် ပါးဖောင်းဖောင်းနှင့်ကောင်လေးက လှုပ်စိလှုပ်စိနှင့်လမ်းလျှောက်နေရင်း သူမဘက်ကိုလှည့်ကြည့်သည်။
"အာရီဂူး မေမေ့ ဘင်းငယ်က လိမ္မာလိုက်တာ"
တောက်ပနေတဲ့အပြုံးနှင့် ပါးနှစ်ဖက်မှာခပ်ထင်းထင်းပေါ်နေတဲ့ပါးချိုင့်တွေရဲ့ပိုင်ရှင်ဖြစ်တဲ့သူမက သူမြင်ဖူးသမျှအမျိုးသမီးတွေထဲ အလှဆုံးထဲက အလှဆုံးပင်။
"ဘင်းငယ်သဘောကျတဲ့ ကိုကိုက အိမ်ကိုလာလည်မယ်တဲ့"
"လာ မေမေတို့အိမ်ပြန်ကြမယ်"အာ ဟုတ်သား။ ဒီနေ့က စနေနေ့လေ။ စနေနေ့ဆို ကိုကိုက ကျောင်းမသွားရတာမို့ သူ့ဆီကိုလာလည်နေကျဖြစ်သည်။ လာတယ်ဆိုတော့ကား ဒီအတိုင်းလာတာမဟုတ် ကိုကိုက သူ့အတွက် အရုပ်လေးတွေပါ ယူလာပေးတတ်သေးသည်။
ငါးနှစ်သားအရွယ်သာရှိသေးသည့် ဘင်းငယ်က မိခင်ဖြစ်သူရဲ့ရင်ခွင်ထဲ ပြေးဝင်လာပြီး ဖက်လိုက်သည်။ သူမကလဲ ထိုနည်းတူစွာ သားငယ်လေးကို ပွေ့ဖက်ထား၏။ ထို့နောက် ဂုတ်ထောက်လုနီးပါးရှည်နေပြီဖြစ်တဲ့ ဆူဘင်းရဲ့ဆံနွယ်လေးတွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင်လက်ဖြင့်သပ်ရင်း နဖူးလေးကိုနမ်းလိုက်သည်။
"မေမေ့ဘင်းငယ်လေးကို ချစ်လိုက်ရတာ"
'ချစ်တယ်'ဆိုတဲ့ အဓိပ္ပာယ်ကို ဘာမှန်းသေချာမသိသေးပေမဲ့ ငါးနှစ်သားဆူဘင်းလေးကတော့ မကောင်းတဲ့အရာမဟုတ်လောက်ဘူးလို့ကောက်ချက်ချမိသည်။ ချိုသာတဲ့အသံပိုင်ရှင်ရဲ့ ချီးကျူးစကားက သူ့အပြုံးတွေကို ရပ်တန့်ခွင့်မပြု။ သူမနှင့်တူတဲ့ပါးချိုင့်တွေကိုပိုင်ဆိုင်ထားတဲ့ ဘင်းငယ်က မျက်စိရှေ့တွင်ရှိသော ချယ်ရီပန်းပင်ကြီးကိုလက်ညှိုးထိုးပြလိုက်ပြီး
"အဲ့ပန်းတွေကို ကိုကို့အတွက် ယူသွားချင်တယ် မေမေ"
ဟိုးအမြင့်မှာပွင့်လန်းနေတဲ့ချယ်ရီပန်းတွေက ကိုကို့ပါးပြင်ကအရောင်နှင့်သိပ်တူသည်လေ။
"သားသားက ကိုကို့ကို ပန်းပေးချင်တာလား"
"အင်း! အဲ့ပန်းက ကိုကိုနဲ့တူတယ်....ကိုကို့ကို ဘင်းကပန်းပန်ပေးမှာ"
YOU ARE READING
Unforgiven
Fanfiction"Daniel...မောင့်ကိုကြည့်ပါဦး" "......" "မောင့်ကို ချစ်နေသေးတယ် မဟုတ်လား"