"ခွမ်း!"
ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသည့် ကြွေစတွေက အားပြင်းပြင်းနှင့်ရိုက်ခွဲခံထားရကြောင်းကို သက်သေပြနေသည်။ အိမ်ထဲမှာလဲ ပစ္စည်းတွေက ဟိုတစ်စဒီတစ်စနှင့် ရှုပ်ပွလို့။
"တစ်ခုမကျန်အကုန်ရှာခဲ့!"
"ဟုတ်ကဲ့!!"
သူ့လက်အောက်အောက်တွင် ပြားပြားဝပ်နေသည့်လူတစ်စုက အမိန့်ရသည်နှင့်တပြိုင်နက် အခန်းထဲတွေအထိဝင်ပြီး သူတို့လိုချင်သောငွေကို မရ ရအောင်ရှာကြတော့သည်။
"မလုပ်ကြပါနဲ့ရှင်! တကယ် ကျွန်မတို့မှာ ဘာဆို ဘာမှမရှိတော့ပါဘူး!"
မျက်ရည်တွေစီးကျကာ ကြမ်းပြင်ပေါ်ငုတ်တုတ်ထိုင်နေသည့်သူမက သူ့အိမ်ပေါ်တက်ကာ သူ့ပစ္စည်းတွေကိုမွှေနောက်နေတဲ့သူတွေကို စိတ်တိုရမဲ့အစား သနားခံကာတောင်းပန်နေမိ၏။
"တစ်သိန်းတွေ့တယ် Terry!"
ချည်ထည်နှင့်ထုပ်ပိုးထားတဲ့ ဝမ်တစ်သိန်းက အဖြူရောင်ဝတ်စုံပြည့်ဝတ်ထားတဲ့ လူရဲ့လက်ထဲမှာ ကူရာမဲ့နေသလို။ ထယ်ဟျွန်းမှာ သူ့ခြေထောက်ဖြင့်ကြမ်းပြင်ကိုညွှန်ပြပြီး
"ဒီမှာချလိုက်"
ထိုလူကြီးကတော့ ထယ်ဟျွန်း၏အမိန့်အတိုင်း ငွေထုပ်ကို ကြမ်းပြင်ပေါ်ချလိုက်ပြီး အခန်းထဲပြန်ဝင်ကာ သူ့တာဝန်ကိုဆက်လက်လုပ်ဆောင်သည်။
သို့ရာတွင် ထယ်ဟျွန်းမှာ မတ်တတ်ရပ်နေရာမှ သူ့ဘေးမှာလဲနေတဲ့ခုံကိုယူကာ ထိုင်ချလိုက်ပြီး လက်ထဲက တူဖြင့် ချည်ထည်ကိုလှပ်လိုက်သည်။ ထို့နောက် သူ့ရှေ့မှာဒူးတုပ်ထိုင်နေသည့်အမျိုးသမီးကြီးကိုကြည့်လျက်
"ပြောတော့ ဘာဆို ဘာမှမရှိတော့ဘူးဆို"
"မ-မဟုတ်ဘူး..အဲ့-အဲ့တာကလေ-"
ထိုအမျိုးသမီးက ပြောပြောဆိုဆိုနှင့်ပင် သူ့ရှေ့မှာချထားသည့် ပိုက်ဆံကိုလှမ်းယူဖို့ လုပ်တော့ ထယ်ဟျွန်းမှာသူ့လက်ထဲကတူဖြင့် ကြမ်းပြင်ကိုခပ်ပြင်းပြင်းရိုက်ချလိုက်၏။
"ဒုန်း!"
ထိုပြင်းထန်တဲ့ရိုက်ချက်က လက်ကိုထိလုနီးပါဖြစ်သွားတာမို့ တစ်ဖက်လူလဲ တုန်သွားပြီး လက်ကိုပြန်ရုပ်သိမ်းလျက်။
YOU ARE READING
Unforgiven
Fanfiction"Daniel...မောင့်ကိုကြည့်ပါဦး" "......" "မောင့်ကို ချစ်နေသေးတယ် မဟုတ်လား"