ဆူဘင်း ဓားထိုးမခံရခင် နာရီပိုင်းအလိုကဖြစ်သည်။
ကားထဲတွင် တိတ်ဆိတ်မှုကြီးစိုးထားပေမဲ့ ဘောမ်ဂယူ၏နားထဲမှာတော့ ထိုစကားကို echo ထပ်သလို အကြိမ်ကြိမ်ကြားယောင်နေစဲ။
"ကျွန်တော်က ဂယူ့ကိုပဲကာကွယ်ချင်တာ"
စကားတစ်ခွန်းကို လွယ်လွယ်ထုတ်မပြောတတ်တဲ့ ထယ်ဟျွန်းအဖို့ ဒီစကားက အလကားသက်သက် အာချောင်တာမဟုတ်။
သို့ရာတွင် ထယ်ဟျွန်း၏ နံရိုးအောက်က တံဆိပ်ကိုမြင်လိုက်တိုင်း သူ့နှလုံးသားထဲက တဆစ်ဆစ်နာလာသလိုခံစားရသည်။
သူသာသွားမရှုပ်မိရင် ထယ်ဟျွန်းဘက်က ဒီလောက်ထိ အနစ်နာခံစရာလိုမှာမဟုတ်ဘူး။ အဲ့ဒီ Steve Choiဆိုတဲ့ကောင်ကလဲ တကယ့် နှစ်ချို့မကောင်းဆိုးဝါးဆိုတာကို သူမေ့သွားတာ။
သို့ပေမဲ့လဲ ဖြစ်ပြီးတာတွေကလဲ ဖြစ်ပြီးပြီမို့ ထယ်ဟျွန်း၏ သွေးထွက်နေသော နေရာကို ဆေးလိမ်းပေးရင်း
"အများကြီးနာနေသေးလား"
သေချာပေါက် နာနေမှာပေါ့။ အသားအပေါ်ကို မီးနဲ့တံဆိပ်ကပ်တာ မနာပဲနေပါ့မလား။ ဘောမ်ဂယူဆိုသည်မှာလဲ အချစ်ရေးနှင့်ပတ်သက်လာလျှင် ကျောက်တုံးမို့ ဘယ်လိုမေးခွန်းတွေမေးလို့ မေးမိမှန်းလဲမသိ။
သို့ရာတွင် ထယ်ဟျွန်းမှာ ဘောမ်ဂယူ၏ အညိုရောင်ဆံနွယ်လေးကို လက်ဖျားနှင့်ထိရုံမျှထိကာ သပ်ပေးလျက်
"မနာတော့ပါဘူး" "ဘေဘီဆေးထည့်ပေးကတည်းက အကုန်သက်သာသွားတာ"
ဆေးထည့်ပေးခြင်းကို လက်စသတ်ပြီးတဲ့နောက်မှာတော့ ဘောမ်ဂယူမှာ ဘောင်းဘီအိတ်ထဲက ဖုန်းကိုထုတ်ရင်း
"အရေးကြီးကိစ္စတစ်ခုရှိတာ အခုမှသတိရတယ် Tyunရယ်" "ဖုန်းခဏသွားပြောမှာမို့ စောင့်ပေးမယ်မို့လား"
စကားဆုံးဆုံးချင်း သူ့ပါးပြင်ပေါ်ကျရောက်လာသည့်အနမ်းတစ်ပွင့်။ သိပ်ကိုချိုမြိန်လွန်းတာကြောင့် ထယ်ဟျွန်းမှာ မပြုံးပဲမနေနိုင်။
သို့ရာတွင် ဘောမ်ဂယူဘက်က အရေးကြီးသည့်ပုံပေါ်တာမို့ သူ့ဘက်ကဘာမှပြန်မပြောပဲ ခေါင်းညိတ်ပြကာ ကားထဲ ထိုင်လျက်ကျန်ခဲ့၏။
YOU ARE READING
Unforgiven
Fanfiction"Daniel...မောင့်ကိုကြည့်ပါဦး" "......" "မောင့်ကို ချစ်နေသေးတယ် မဟုတ်လား"