"ဂျိမ်း!!"
ကောင်းကင်တစ်ခုလုံး နေ့အချိန်အလား ထင်မှတ်ရလောက်အောင် လင်းထိန်သွားပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ အသံအကျယ်ကြီးက မြေကြီးကိုတောင်သိမ့်ခနဲတုန်သွားစေသည်။ ညပိုင်း BBQလုပ်မဲ့အစီအစဉ်ဟာလဲ ထိုမိုးဖွဲတွေကြောင့် ရပ်ဆိုင်းလိုက်ရပြီမို့ အခုလောက်ဆို အကုန်လုံးက ကိုယ့် tentထဲကိုယ် အနားယူနေလောက်ပြီလေ။
"ဂျိမ်း!"
ထိုညအတွက် ဒုတိယအကြိမ်မြောက် မြည်ဟည်းလာသည့်မိုးကြိုးပစ်သံက ဘယ်သူ့ကိုစိတ်ဆိုးနေလို့ စိတ်ဆိုးနေမှန်းမသိ၊ ဝူးဝူးဝါးဝါးအော်ဟစ်နေတဲ့သူတစ်ယောက်လိုပင်။
သည်campကို မစီစဉ်ခင်ကတည်းက ရာသီဥတုအခြေအနေကိုကြည့်ခဲ့ပေမဲ့ ယခုရွာသွန်းသည့်မိုးကတော့ ရုတ်တရက်ရာသီဥတုဖောက်ပြန်မှုကြောင့်ဖြစ်တာကြောင့် ဘယ်သူ့ကိုမှလဲအပြစ်တင်လို့မရ။
"အာ အသက်ရှူကျပ်လိုက်တာ"
ဘယ်သူနဲ့မှအခေါ်အပြောမလုပ်ချင်တာမို့ tentကိုအလုံပိတ်ထားတဲ့တစ်ယောက်သော ချွဲဆူဘင်းက လေလုံနေသည့်ဒဏ်ကိုကြာကြာမခံနိုင်တော့တာမို့ အိပ်ရာပေါ်မှ မထချင်ထချင်နဲ့ ထပြီး tentကိုဖွင့်လိုက်သည်။ ထို့နောက် အေးစက်တဲ့လေနှင့်အတူ မိုးဖွဲလေးတွေက သူ့မျက်နှာကိုလာစင်တာမို့ အပြင်ကိုခေါင်းပြူရင်း
"အခုမှနေသာထိုင်သာရှိ-"
"အဲ့တာဘာကြီးတုန်း"အပြင်ဘက်က မဲမဲသဲသဲနှင့်ရွေ့နေတဲ့ အရိပ်ကြောင့် ရေစိုနေသည့် မျက်လုံးများကို လက်ဖြင့်ပွတ်ကာ နောက်တစ်ခေါက်ထပ်ကြည့်လိုက်သည်။ ဆူဘင်းမှာ မျက်မှန်တပ်မှအဆင်ပြေတဲ့ အဝေးမှုန်သမားတစ်ယောက်ဖြစ်တာမို့ contact lensချွတ်လိုက်ပြီဆိုလျှင် အဝေးကအရာများကိုကောင်းကောင်းမမြင်ရတော့။ သူမြင်လိုက်ရသည့် အရိပ်မည်းမည်းကြီးကလဲ ရပ်နေတာမို့ ဂုတ်ပိုးကိုလက်ဖြင့်ပွတ်ရင်း
"အမြင်မှားတာများလား"
ဆူဘင်းတစ်ယောက် အမြင်မှားသည်အထင်နှင့် ကုတင်ပေါ်ပြန်ထိုင်ဖို့လုပ်လိုက်ပေမဲ့ ရုတ်တရက်ထွက်လာသော လှမ်းခေါ်သံစူးစူးကြောင့် ခြေလှမ်းတွေကိုရပ်လိုက်မိသည်။
YOU ARE READING
Unforgiven
Fanfiction"Daniel...မောင့်ကိုကြည့်ပါဦး" "......" "မောင့်ကို ချစ်နေသေးတယ် မဟုတ်လား"