တိတ်ဆိတ်နေတဲ့အခန်းအကျယ်ကြီးထဲ လွင့်ပြယ်နေတဲ့ ခပ်သင်းသင်းအမွှေးရနံ့က ဆူဘင်း၏စိတ်တွေကို ခဏတာငြိမ်သက်သွားစေသည်။ ပိုင်ရှင်မရှိသည့် အခန်းထဲ ဟိုကြည့် ဒီကြည့်လုပ်တာက ရိုင်းပြတဲ့အပြုအမူဟု ယူဆလို့ရပေမဲ့ ထိုနေရာအတွက် ယဉ်ကျေးမှုဆိုတာ လိုကောလိုအပ်ပါ့မလားဟု အနည်းငယ်တွေဝေမိသည်။
သည်လိုနဲ့ပဲ ဆူဘင်းမှာ ဘာရယ်မဟုတ် စိတ်ကူးပေါက်ရာကြည့်နေရင်း အခန်းရဲ့အစွန်ဆုံးနေရာကို မျက်စိကျမိသည်။ ဖန်စစ်စစ်ဖြင့် ပြုလုပ်ထားတဲ့ အလုပ်စားပွဲလေးတစ်ခုက ကြည်ကြည်လင်လင်နှင့်တည်ရှိလျက်။ သို့ရာတွင် သူမျက်စိကျမိတဲ့အရာက ထိုစားပွဲခုံဟုတ်ပဲ စားပွဲပေါ်က နာမည်ကို မျက်စိကျမိတယ်လို့ပြောမယ်ဆိုရင် ပိုမှန်လေမလား။
"ဆောတီးကွာ...အစည်းအဝေးကနည်းနည်းကြာသွားတယ်"
သူ့နောက်ကျောဘက်က ရုတ်တရက်ထွက်လာသည့်အသံက တော်တော်လေး အလောတကြီးဖြစ်နေပုံပင်။
"ရပါတယ်။ လုပ်ငန်းရှင်ကြီးဆိုတော့ ကျွန်တော့်ဘက်က ဒီလောက်တော့စောင့်ရမှာပေါ့။ မဟုတ်ဘူးလား"
ချီးကျူးသလိုလိုနှင့် သူ့ကိုအမြဲရွဲ့တတ်သည့် ဆူဘင်းအကြောင်းကို မသိရင်တော့ ခက်ပေစွ။ သူ့စိတ်ထဲကပုံစံကို ဖုံးကွယ်ထားဖို့ဆိုတာလဲ သိပ်မလွယ်လှသည်မို့ ထိုသူရဲ့ပြောစကားကို အနည်းငယ်တော့ မျက်နှာပျက်မိသည်။
"ဘာလို့ မျက်နှာပျက်သွားတာတုန်း"
"မဟုတ်မှ....""......"
"အခု ကျွန်တော့်ကို အာခံလိုက်တာလားဗျ"
ယဉ်ကျေးတဲ့အသုံးအနှုန်းနှင့် ပြုံးရွှင်နေတဲ့မျက်နှာထားကတော့ သူ့စိတ်ထဲကအရာတွေအကုန်လုံးကို ဖုံးကွယ်ထားနိုင်သည့်ပုံပင်။
"သားဆူဘင်းကလဲကွာ စိတ်ကြီးပဲ...ဒီမှာအလုပ်က-"
"Nabil David Huening...."
သူ့နာမည်အပြည့်အစုံကိုခေါ်လိုက်တဲ့ ထိုအခိုက်အတန့်ပေါ့။ ပြုံးရွှင်နေတဲ့ မျက်နှာပေးကော ချိုသာတဲ့စကားလုံးတွေပါလွင့်စင်သွားခဲ့တဲ့ ထိုအခိုက်အတန့်က သူ့ကိုအသက်ရှူကျပ်စေသည်။
YOU ARE READING
Unforgiven
Fanfiction"Daniel...မောင့်ကိုကြည့်ပါဦး" "......" "မောင့်ကို ချစ်နေသေးတယ် မဟုတ်လား"