Part-11

287 37 34
                                    

တလက်လက်တောက်ပနေသည့် သော့တံလေးက သူခိုမှီးထားသော ပလက်တီနမ်ကြိုးဖြူလေးနှင့် တော်တော်လေးလိုက်ဖက်နေသည်။ နေရောင်ဖျဖျလေး ရှိန်ထိုးနေသည့်အခန်းလေးထဲမှာတောင် ပြောင်ပြောင်လက်လက်နှင့် တောက်ပနိုင်တာဆိုတော့ သာမန် quality မျိုးမဟုတ်လောက်။

ဆူဘင်းမှာ ထိုဆွဲကြိုးလေးကိုမျက်စပစ်ပြလိုက်ပြီး

"ဆွဲကြိုးက လှသားပဲ"

"ဟင်!"
"Pandora လေးကိုပြောတာလား"

ပိုင်ရှင်ဖြစ်သူယောန်ဂျွန်းက သော့တံလေးကိုကိုင်ရင်းမေးတော့ တစ်ဖက်သူက အလိုက်သင့်ခေါင်းညိတ်ပြသည်။ ထို့နောက် ယောန်ဂျွန်းမှာ သူ့လက်ထဲက အိတ်ကို ဇစ်ပိတ်လိုက်ပြီး

"Pandora လေးက အမေပေးခဲ့တာလေ..."
"လှတယ်ဟုတ်?"

"အင်း...လှတယ်။ နာမည်ကော ပုံစံကော"

ထိုစကား​၏အဆုံးသတ်တွင် ဘာအသံမှထပ်ထွက်မလာတော့ပဲ တိတ်ဆိတ်ခြင်းတွေကပြန်အစားထိုးဝင်လာတာမို့ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးလေထုမှာ တဖန်ငြိမ်သက်သွားပြန်သည်။

သို့သော်လည်း ယောန်ဂျွန်းဆိုတဲ့ တစ်ယောက်သောသူကထိုအခြေအနေကို သဘောမကျတာမို့ စားပွဲပေါ်က almond milkဘူးကိုဖောက်ကာ ဆူဘင်းကိုပေးလိုက်ပြီ

"ဆူဘင်းကော ဆွဲကြိုးဝတ်ရတာမကြိုက်ဘူးလား"

ဘာမှမဟုတ်တဲ့ သာမန်မေးခွန်းလေးတစ်ခုဆိုပေမဲ့ သူ့အတွက်ကတော့ ထိုမေးခွန်းက သူ့အတွက်တော့သေချာစဉ်းစားပြီးမှဖြေရမည့်မေးခွန်းအမျိုးအစားပင်။

မေးခွန်း မေးလာသူရဲ့မျက်နှာကို စိုက်ကြည့်နေမည့်အစား ထိုသူရဲ့လက်ကိုကြည့်ရင်း သူ့အတွေးထဲနစ်မြောနေမိသည်။ ထိုအရာတွေအကုန်ဖြစ်ပျက်ခဲ့တာက ဘယ်တုန်းကပါလိမ့်။ သူ့ဦးနှောက်ထဲက ပျောက်ဆုံးနေတဲ့မှတ်ဉာဏ်တစ်ပိုင်းတစ်စကကော ဘာပါလိမ့်။

ဆူဘင်းမှာ တွေးရင်း တွေးရင်း အာခေါင်တွေခြောက်လာသလိုခံစားရသည်မို့ နို့ဘူးကို ယူကာ တစ်ငုံသောက်လိုက်သည်။ မကျဲလွန်း မပျစ်လွန်းတဲ့ အရည်ခပ်အေးအေးလေးက သူ့လည်ချောင်းကို စိုစွတ်သွားစေတဲ့နောက်မှာတော့ ထိုသူရဲ့မျက်လုံးတွေကို သေချာငေးကြည့်ရင်း

You've reached the end of published parts.

⏰ Last updated: Nov 18 ⏰

Add this story to your Library to get notified about new parts!

UnforgivenWhere stories live. Discover now