Part-6

356 42 30
                                    

"Healing လေး Hueningရောက်ရှိ~"

လူက အခန်းထဲခြေတောင်မချရသေး၊ အသံအရင်ရောက်လာတဲ့ ဟျူနင်းကြောင့် ဆူဘင်းမှာ သူ့မျက်နှာမမြင်ရသေးတာတောင် သွေးတက်သလိုခံစားလိုက်ရသည်။

ထို့ကြောင့် အခန်းတံခါးဖွင့်သံကြားကြားချင်း အဝင်ပေါက်ကိုကျောပေးကာ တစ်ဖက်ကိုလှည့်လိုက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သော်လည်း သူ့လှုပ်ရှားမှုကအနည်းငယ်နောက်ကျသွားသည်ထင်သည်။ ဟျူနင်းမှာ သူ့ပခုံးပေါ်လက်တင်ရင်း အိပ်ချင်ယောင်ဆောင်နေသူကို ငုံ့ကြည့်လိုက်ပြီး

"ဘာလို့ ဟိုဘက်လှည့်နေတာတုန်း Soobin shi?"

အာ...ဒီဟာလေးက မြင်ဖြစ်အောင်မြင်သွားသေးတာ။

ဆူဘင်းတစ်ယောက်စိတ်ထဲကကြိတ်ပြောနေပေမဲ့ လက်တွေ့မှာတော့ မျက်စိကိုအတင်းမှိတ်ကာ အိပ်ချင်ယောင်ဆောင်နေစဲ။ ထို့ကြောင့် ဟျူနင်းလဲ ဘေးကခုံကိုဆွဲကာ ဆူဘင်းရဲ့မျက်နှာချင်းဆိုင်မှာထိုင်လိုက်ပြီး အိပ်ချင်ယောင်ဆောင်နေသောတစ်စုံတစ်ဘင်းကို ဇွဲရှိရှိနှင့်ထိုင်ကြည့်နေလိုက်သည်။

"Captain ကြီးက အဲ့လိုဆိုတော့လဲ ဟျူနင်းကစောင့်ကြည့်ရတော့မှာပေါ့"

ထို့နောက် သူနှင့်အတူပါလာတဲ့ လွယ်အိတ်ကို ခုံဘေးမှာချလိုက်ပြီး အိတ်ထဲက နို့ပေါင်မုန့်ထုပ်ကိုဖွင့်ကာ

"ဒါလေးကျွေးမလို့ လာတာကို စားမဲ့သူကအိပ်နေတော့လဲ....ဟူး..."
"သနားစရာပေါင်မုန့်လေးပဲ"

'Kaiရေ မင်း လုပ်ထားဦးပေါ့ကွာ'

အခုထိမျက်စိမဖွင့်သေးပေမဲ့ နို့ပေါင်မုန့်နံ့ကြောင့်သူ့ရဲ့စားချင်စိတ်ကို မနည်းမျိုသိပ်ထားနေရသည်။ ဟျူနင်းကလဲ တမင်ကို ရည်ရွယ်ချက်ရှိရှိနှင့် လုပ်နေသလားမသိ၊ ပေါင်မုန့်ကို သူ့နှာခေါင်းနားကပ်လိုက် ခွာလိုက်နှင့်။

"ပေါင်မုန့်လေးရေ မငိုနဲ့တော့ ငါမင်းကိုစား-"

ဟျူနင်း​၏စကားများမှာရုတ်တရက်ဆိုသလို ရပ်တန့်သွားပြီး သူ​၏မျက်နှာချင်းဆိုင်တွင် မတ်တတ်ရပ်နေသူထံသို့အကြည့်များပို့လိုက်မိသည်။ ထို့နောက်

UnforgivenWhere stories live. Discover now