part 9

3.3K 225 2
                                    

"အစော...."

"မှိုင်း ကျုပ်အိမ်ဘေးမှာ...."
စောခေါ်သံကြားတာကြောင့်ပြန်ထူးလိုက်သည်

သိပ်မကြာဘူးသူ့အနားစက်ရောက်လာတယ်

"အလုပ်အဆင်ပြေရဲ့လားမှိုင်း"

"ပြေပါတယ် ကိုကံပိုင်ကအကုန်သင်ပြပေးတယ် ဒါနဲ့အစောလာလုပ်နေတာလဲ"

"အပင်စိုက်ဖို့မြေဆွနေတာ"
စောမောလို့ထိုင်နေရာကထလိုက်ပြီးပေါက်တူးကိုပြန်ကိုင်လိုက်တယ်

"ဘာလို့ဒါတွေလုပ်နေရတာလဲပေးပေး ကျွန်တော်လုပ်မယ်"

စက်ပေါက်တူးကိုယူဖို့ကြိုးစားပေမဲ့အစောကမပေးဘူး
"ဒီနေ့အလုပ်ပင်ပန်တယ်မလားသွားခနနားပြီးရေချိုးတော့.."

စက်ပေကပ်ပြီးရပ်နေလိုက်သည်
လုံးဝရေချိုးဖို့မသွားပေ..

"ဒီမယ် မှိုင်းကျုပ်ကသန်သန်မာမာယောက်ျားတစ်ယောက်နော် ဒီလောက်ကတော့ကျုပ်လုပ်နိုင်ပါတယ်"
အလိုမကျရင်ဂျစ်တိုက်တတ်တဲ့အကျင့်ကတစ်ကယ့်ကလေးကျတာဘဲဟုစောတွေးမိတယ်

"အစောကယောက်ျားတစ်ယောက်မှန်းကျွန်တော်သိပါတယ်ဒါပေမဲ့အစောကိုကျွန်တော်ဘာအလုပ်မှမလုပ်ဘဲအေးအေးချမ်းချမ်းနေစေချင်တာလေ"

"ကျုပ်ကအရုပ်လား..."

"ကျွန်တော်ဆိုလိုတာက....."
အစောနဲ့သူ့ကြားကလေထုကတင်းမာလာတော့စက်မျက်နှာဟာပြိုတော့မဲ့မိုးလိုဖြစ်လာတော့သည်

ထိုအခါအကြီးပီပီစောဘက်ကဘဲတစ်ထစ်လျှော့ပေးလိုက်ရတယ်
"ထားပါတော့ ရေသွားချိုးကျုပ်လည်းဆက်မလုပ်တော့ဘူး"

စက်သည်သူ့အပေါ်ဘယ်လိုစိတ်ထားသည်ကိုစောသိသည်
အခုလည်းသူပင်ပန်းမှာစိုးလို့ပြောမှန်းသိပေမဲ့
စောအနေနှင့်လည်းစက်အရမ်းပင်ပန်းမှာမလိုချင်းဘူးလေ
ဒါကြောင့်တတ်နိုင်တဲ့ဘက်ကကူချင်ရုံပါ

"ဒါဆိုရေသွားချိုးပြီးနော်"

"အင်း..."

စက်ရေချိုးနေတဲ့အချိန်စောကအဝတ်အစားတွေသေချာပြင်ဆင်ပေးထားသည်

"ကျွန်တော်ချိုးပြီးပြီ"

"ဒီမှာအဝတ်ထုတ်ထားတယ်လဲလိုက်ကျုပ်ရေချိုးဦးမယ်"

စောရေချိုးပြီးတဲ့အခါလူးဖို့သနပ်ခါးကအဆင်သင့်
ဒါကြောင့်သူမှာမပြုံးဘဲမနေနိုင်
တစ်ကယ့်ကိုစကားတည်တဲ့သူဘဲ

------------
သူတို့ညစာစားချိန်

"ဒီနေ့ကျုပ်သင်္ဘောသီးဘဲတောသုပ်သုပ်ထားတယ်မင်းစားတတ်ပါ့မလား"
စောမှာငွေတိုငွေစရှိမနေတာကြောင့်အိမ်နောက်ဖေးမှသင်္ဘောသီးတွေသာခူးပြီးသုပ်ထားရသည်

"ဒါပေါ့ ဘာလို့မစားတတ်ရမှာလဲ ကျွန်တော်ကသင်္ဘောသီးသုပ်အရမ်းကြိုက်တာ"
ထို့နောက်စက်ထမင်းတစ်လုပ်အားစတင်စားလိုက်သည်
စောကထမင်းစားနေတဲ့စက်ကိုကြည့်ရင်း

"ကျုပ်တောင်းပန်ပါတယ်ကျုပ်ကြောင့်မင်းဒီလိုအနေဆင်းရဲအစားဆင်းရဲရတာ"

"အစောဘာလို့မဟုတ်တာတွေစဥ်းစားနေရတာလဲ ကျွန်တော့်အတွက်ကလေအစောရှိတာနဲ့တင်အရာရာပြည့်စုံနေပြီအစောကိုရွေးချယ်မိတဲ့အတွက်နည်းနည်းမှနောင်တမရှိဘူး.."

"ကျုပ်...ကျုပ်က"

စက်သက်ပြင်းဖွဖွချရင်းလက်ဆေးပြီးအစောနားသွားထိုင်ကာ
"အစောဘာလို့ကိုယ့်ကိုကိုနိမ့်ချပြီးအမြဲတွေးနေရတာလဲဟင် ကျွန်တော့်အတွက်ကလေအစောကမရှိမဖြစ်ပါတစ်ခါလောက်ဖြစ်ဖြစ်ဒီလိုတွေတွေးနေမဲ့အစားကျွန်တော့်ရဲ့မင်းသားလေးအဖြစ်တွေးကြည့်ပါလား"

စက်အားစောချက်ချင်းလှည့်ဖက်လိုက်ပြီး
"ကျုပ်...အမြဲတမ်းသိမ်ငယ်ခဲ့ရတာ ကျုပ်ကိုဘယ်သူမှမလိုချင်ခဲ့ဘူး အားလုံးကလျစ်လျူရှုခဲ့တာမကောင်းတဲ့အရာတွေဖြစ်တိုင်းလည်းအမြဲကျုပ်ကြောင့်တဲ့"

စက်သူ့ရင်ခွင်ထဲတသိမ့်သိမ့်တုန်နေတဲ့ကိုယ်လေးကိုခပ်တင်းဖက်လိုက်သည်
အစောတစ်ယောက်ထဲဘယ်လောက်တောင်နာကျင်ခဲ့ရမလဲ
အထီးကျန်ခဲ့ရမလဲ တွေးကြည့်ရုံနဲ့တင်စက်ရင်ထဲတင်းကြပ်လာတယ်

"နောက်ဘယ်တော့မှအဲ့လိုဖြစ်မလာတော့ဘူးနော်ကျွန်တော်ရှိတယ် အစောအနားအမြဲကျွန်တော်ရှိတယ်"

စော စက်ရဲ့ရင်ခွင်ကျယ်ကျယ်ထဲပိုနစ်ဝင်အောင်တိုးဝင်လိုက်ပြီး
"အမြဲကျုပ်အနားမှာရှိပေးရမယ်နော်"

"ဒါပေါ့ ပန်းလေးတစ်ပွင့်ဖြစ်ရင်တောင်ကျွန်တော်ကအစောရှိတဲ့အရပ်ကိုဘဲမျက်နှာမူပြီးပွင့်လန်းမှာ"

ကံတရားကြီးကသူ့အပေါ်ရက်စက်တာလွန်သွားလို့ထင်ပါရဲ့
ချစ်တတ်လွန်းစက်ကိုသူ့အနားပို့လာခဲ့ပေးတယ်
နောက်ဆုံးတော့သူအသက်ရှင်ရမဲ့အကြောင်းပြချက်လေးရှိလာပြီ

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ