စက်ဘုရားကနေအိမ်ပြန်လာတော့သူကြီးကတော်ရေနွေးကြမ်းသောက်နေသည်
သူကြီးကတော်ဆီမှာအစောအကြောင်းမေးရမည်
အစောဆိုတာစောရေအေးဆိုတဲ့သူလေးအပေါ်သူအဖျားဆွတ်ခေါ်ချင်တဲ့နာမည်လေးပေါ့"အရီး...."
"ပြန်လာပြီလား"
"ဟုတ် ကျွန်တော်အရီးကိုမေးစရာရှိလို့ဗျ"
သူမကစက်ကိုမေးဟူသောသဘောဖြင့်ခေါင်းငြိမ့်ပြသည်"စောရေအေးရဲ့အကြောင်းပါ....သူကဘာလို့ဒီမှာမနေရတာလဲ"
"ကြည့်ရတာအရီးသားရေအေးလေးနဲ့တွေ့ခဲ့တယ်ထင်တယ်"
"ဟုတ်ပါတယ်အရီး....."
အရီးရဲ့မျက်ဝန်းတွေမှာဝမ်းနည်းဟန်
နောင်တရဟန်အပြည့်အဝပေါ်လွင်လာသည်"သားသိချင်တော့အရီးပြောပြပါ့မယ်အရီးရေအေးလေးကိုကိုယ်ဝန်လွယ်ရတဲ့အချိန်ကစပြီးရွာမှာမိုးခေါင်ရေရှားသီးနှံအထွက်လျှော့ကြတာတွေဖြစ်ကြတယ်
ရေအေးလေးမွေးပြီးတဲ့အချိန်မှာပိုဆိုးလာတယ်ဆိုပါတော့ အဲ့မှာဘဲရွာကလူတွေကသူတို့ယုံကြည်တဲ့ဗေဒင်ဆရာကိုပင့်ဖိတ်ပြီးဗေဒင်တွက်ကြတော့ဆရာကရေအေးလေးကြောင့်ကပ်ဆိုက်တာလို့ပြောတယ် ကပ်ဘေးကလွတ်မြောက်စေချင်ရင်ရေအေးဘဝတစ်လျှောက်လုံးအမျိုးသမီးတစ်ယောက်လိုနေရမယ်လို့ဟောခဲ့တာ"အော် ဒါကြောင့် အစောဟာအမျိုးသမီးတစ်ယောက်လိုဝတ်စားဆင်ယင်ထားတာကိုလို့
စက်တွေးမိသည်"ဒါနဲ့ အရီးတို့ကဘာလို့အတူမနေကြတာလဲ"
အရီးကထွက်စပြုနေတဲ့မျက်ရည်လေးတွေကိုသုတ်ပြီး
"ရွာသူရွာသားတွေကပ်စိုက်စေတယ်လို့အပြောခံရတဲ့ရေအေးလေးကိုရွာထဲမထားချင်ကြဘူးလေ...""မယ်ထုံ!"
ထိုစဥ်သူကြီးနဲ့သူ့သမီးဆုဆုထွေးကအိမ်ပေါ်တက်လာကြသည်
သူကြီးကအစောအကြောင်းပြောပြတာကိုသဘောမကျဟန်ဖြင့်အရီးမယ်ထုံကိုဆူငေါက်တယ်"မင်းကိုအဲ့ဂြိုလ်ကောင်အကြောင်းမပြောဖို့ငါသတိပေးထားတယ်လေ"
"ဟုတ်ပအမေရယ် အဘကအဲ့ကံဆိုးကောင်အကြောင်းပြောတာမကြိုက်ဘူးဆိုတာသိရဲ့သားနဲ့"
VOCÊ ESTÁ LENDO
နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)
Romancebl ပါ normal မဟုတ်ပါ Uni & Zawgi Cover photo crdပါggကမလာတာ