part 13 (uni &Zg)

3.1K 212 2
                                    

"ကိုကြီးကံပိုင်...ကိုကြီးကံပိုင်"
ခွေးပေါက်လေးတစ်ကောင်လိုအနောက်ကတကောက်ကောက်လိုက်နေတဲ့စံအေးကြောင့်ကံပိုင်စိတ်ညစ်လာပြီ

"ဘာလို့ငါ့နောက်တကောက်ကောက်လိုက်နေတာလဲစံအေးရာ"

"ကျွန်တော်ကိုကြီးကိုကူလုပ်ပေးမလို့လေ"

"နေစမ်းပါကွာ မင်းဟာကငါ့ကိုကူလုပ်နေတာမဟုတ်ဘူး ကူရှုပ်နေတာ"

"အဟင့်...ဗြဲ"
ရုတ်တရက်ငိုချတဲ့စံအေးကြောင့် ကံပိုင်ခဗျာဝမ်းမနာသားလေးတစ်ယောက်ရသွားတယ်လို့ပင်ထင်မိတော့တယ်

"တိတ်ပါကွာ အသံဗြဲကြီးနဲ့မငိုစမ်းပါနဲ့ငါနားတွေညည်းလွန်းလို့ပါ"
မချော့မဲ့ပြင်စိတ်မရှည်သလိုအော်လာတဲ့ကိုကြီးကြောင့်စံအေးရဲ့မျက်ရည်ပေါက်တွေကဘူးသီးလုံးလောက်ပင်ဖြစ်လာတော့သည်

စက်အလုပ်လုပ်နေရင်း အချစ်စမ်းနေတဲ့အတွဲကြောင့်ရယ်ရတာပါးတွေတောင်တောင့်နေပြီ
လူပျိုကြီးနဲ့ကလေးဆန်တဲ့ကောင်ကလေးလှတော့လှနေပြီ
ဒါပေမဲ့စံအေးဆိုတဲ့ကောင်လေးကလက်သွက်တယ်ပြောရမယ်အခုကိုကံပိုင်အိမ်ပေါ်အထိရောက်နေတယ်လေ

_________________________________________________
"မဲလုံးရေ မိရွှေဝါ ဖိုးဝါ မိကျား ထမင်းစားမယ်"
စောမနက်စျေးသွားတုံးကဝယ်လာတဲ့ငါးကြံရွက်ဆိုတဲ့ငါးကလေးကိုပြုတ်ပြီးထမင်းနဲ့နယ်ကာပုံးနားယူလာခဲ့သည်
ထမင်းပန်းကန်မြင်တာနဲ့ကြောင်မေကြီးအပါအဝင်အကောင်ပေါက်လေးတွေကအငမ်းမရဖြစ်လာတော့သည်

စောလည်းထမင်းပန်းကန်လေးကိုပုံးထဲထည့်ပြီး
"ကောင်းကောင်းစားနော်ချစ်စရာလေးတွေ"

"အကိုစောရေ"

"ဟေ"
စောခပ်မြန်မြန်ဘဲအိမ်ရှေ့ထွက်ကြည့်လိုက်တော့လူနှစ်ယောက်
တစ်ယောက်
တစ်ယောက်ကသူအသီးအရွက်တွေသွားရောင်းနေကြလဝီွ (မြန်မာအဓိပ္ပါယ်ကလရောင်)လို့ခေါ်တဲ့မွန်ကလေးလေး
နောက်တစ်ယောက်ကမှိုင်းရဲ့အဖေ

"ဒီဘကြီးကအကိုတို့အိမ်ရှာနေလို့လာပေးတာ"

"အေးအေး ကျေးဇူးပါ"

"ရပါတယ်ဗျာ"
ထို့ေနာက်ကောင်လေးကပြန်သွားတယ်
စောလည်း မှိုင်းရဲ့အဖေကိုအိမ်ထဲဖိတ်လိုက်သည်

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)حيث تعيش القصص. اكتشف الآن