part 6

3.7K 244 0
                                    

နောက်နေ့စောတို့မြို့သွားဖို့အတွက်နွယ်ကရွာထိပ်ထိလိုက်ပို့သည်
သူမကတစ်ဦး​တည်းသောသူငယ်ချင်းနဲ့ခွဲရမှာမို့ဝမ်းနည်းစွာငိုကြွေးရင်းပေါ့

"အဟင့်! စော..."

"မငိုပါနဲ့နွယ်ရယ်..."
နွယ်မှဝမ်းနည်းသည်မဟုတ်ပါစောလည်းဝမ်းနည်းရပါသည်
အမြဲတစ်စေတစ်ပူးပူးတတွဲတွဲသူငယ်ချင်းတွေခွဲရတော့မည်

"ဟိုကိုရောက်ရင်ငါ့ကိုမမေ့နဲ့နော်စော အဟင့်"

"မမေ့ပါဘူးနွယ်ရယ် ကျုပ်ဘဝမှာမင်းကအရင်းနှီးဆုံးသူတစ်ယောက်လေ"

"အစော သွားကြရအောင်ညဘက်ကြီးမှရန်ကုန်ကိုရောက်နေဦးမယ်"

"အင်းပါ....နွယ်ကျုပ်သွားပြီနော်"
စောသူ့လက်ကလေးအားဆုပ်ကိုင်ထားတဲ့လက်ကလေးကိုဖြုတ်ချပြီးကျောခိုင်းလိုက်တော့သည်

----------------------------------------------------------------------------
စက်တို့ခြံတံခါးသည် auto မို့ကားဟွန်းတီးလိုက်သည်နှင့်အလိုလိုပွင့်လာတဲ့ခြံတံခါးကိုဖြတ်ကျော်ပြီး
ဖြေးဖြေးလေးခြံထဲမောင်းဝင်လာလိုက်သည်

"အကိုလေး..."

သူ့ကားကိုမြင်တာနဲ့ ပြေးထွက်လာကြသည့်အလုပ်သမားနှစ်ဦးကို
"မင်းတို့အနောက်ကအဝတ်အစားထုပ်တွေကိုငါ့အခန်းယူသွားလိုက်"

"ဟုတ်ကဲ့အကိုလေး.."

ထို့နောက်ကားရှေ့ခန်းမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည့်အစောကို
စက်တယုတယပွေ့ချီလိုက်ပြီးအိမ်ထဲခြေချလိုက်သည်
ဧည့်ခန်းထဲမှာထိုင်နေတဲ့အမေနဲ့အဖေကိုတွေ့တော့
"သား ခနနေမှဆင်းလာခဲ့မယ်".  ဟုပြောပြီးအပေါ်တက်ခဲ့တယ်

အခန်းထဲရောက်ရင်ဖြင့်အစောကိုကုတင်ထက်သေချာချပေးပြီးအဲကွန်းအရှိန်လည်းညှိပေးခဲ့လိုက်သည်
ပြီးမှအောက်ထပ်ကမိခင်တို့ဆီသို့...

"လာပါဦးကိုရွှေချော"
ဒေါ်တင်မမ မင်းသားစတိုင်နဲ့လမ်းလျှောက်လာနေတဲ့သားကိုမြန်မြန်ခေါ်လိုက်သည်

"ဘယ်လိုဖြစ်လို့ယောက်ျားခိုးလာရတာလဲ.."
သူမသားကအမေသားယောက်ျားခိုးလာတယ်ဟုဖုန်းဆက်သောအခါသူမအလွန်ကိုလန့်သွားရတာ
ကိုရွှေချောကလုပ်ချင်ရာလုပ်ပြီးအလှဆုံးပြုံးလို့

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Onde histórias criam vida. Descubra agora