extra 1

4.9K 160 4
                                    

ကိုကံပိုင်အားစံအေးတို့မိသားစုလာတောင်းသည့်နေ့
လူကြီးစုံရာနှင့်တင့်တယ်လွန်းသည်
ကိုကံပိုင်ဘက်ကတော့မိဘတွေဆုံးပါးသွားသည့်အတွက် ခြံဘေးကအဖိုးကမိဘနေရာမှနေပေးသည်
စံအေးမှာ ချစ်ရသူကိုတရားဝင်ပိုင်ဆိုင်တော့မည်ဖြစ်၍ ပါးစပ်နားရွက်တက်ချိတ်တော့မတတ်ပြုံးနေသလို
ကိုကံပိုင်ကလည်း တပြုံးပြုံးနှင့်ကျေနပ်နေတော့သည်

"ကျွန်မတို့သားအတွက် အိမ်ပိုင်ယာပိုင်ရှိတဲ့ဒီကောင်လေးကိုသိန်းငါးဆယ်နဲ့ တင်တောင်းပါတယ်"

ကိုကံပိုင်မိဘနေရာမှအဖိုးကလည်း သိန်းငါးဆယ်အထပ်လိုက်ထည့်ထားသောလင်ဗန်းကိုယူကာ
"နို့ဖိုးအဖြစ်တင်တောင်းငွေသိန်းငါးဆယ်ကိုယူပြီး သားကံပိုင်ကိုအပ်ပါတယ်ကွယ်"

ထို့နောက်လူကြီးတွေဆွေးနွေးသင့်တာဆွေးနွေးပြီးဧည့်သည့်တွေကိုအုန်းနို့ခေါက်ဆွဲနှင့်ဧည့်ခံသည်
လူအနည်းငယ်ရှင်းသွားတော့ စောမတင်မကျဖြစ်နေတာကိုမေးလိုက်တယ်

"မောင် ငွေပုံပေးလိုက်တာကမသိရင် ကိုကံပိုင်ကိုဝယ်လိုက်သလိုဘဲနော်"

သူ့စကားကြောင့်စက်ကပြုံးပြီး
"ဒါဒီရပ်ဒီရွာကဓလေ့လေ တင်တောင်းခံရတဲ့သူရဲ့အလုပ်အကိုင်အရည်အချင်းကိုလိုက်ပြီးတန်ကြေးသတ်မှတ်ပြီးသား
ဥပမာကွာ တင်တောင်းခံရသူကရှေ့နေဆိုဘယ်လောက် ဆရာဝန်ဆိုဘယ်လောက် မှီခိုဆိုဘယ်လောက် ဆိုပြီးတန်ကြေးသတ်မှတ်ထားတာ"

စက်အဖြေကိုအလိုမကျစွာဖြင့်
"မိဘတွေက စိတ်မခုဘူးလားမသိနော်"

"အစောရဲ့ မိဘတွေကသူတို့သားသမီးကိုတစ်ဖက်လူကတင့်တောင်းတင့်တယ်လူပုံလယ်မှာတင်တောင်းခံရတယ်ငွေကြေးဘယ်လောက်နဲ့ဆိုတဲ့ဂုဏ်ကိုဘဲလိုချင်ကြတာ ပြီးရင်နို့ဖိုးအဖြစ်တင်တောင်းငွေတွေကို မင်္ဂလာလက်ဖွဲ့အဖြစ်သားသမီးတွေကိုဘဲပြန်ပေးကြတယ် ဇနီးမောင်နှံနှစ်ဦးသားစီးပွားရေးတစ်ခုခုလုပ်နိုင်အောင်ဆိုပါတော့ "

စောခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း
"ဒီလိုကြတော့လည်းရည်ရွယ်ချက်ကလေးကမဆိုးဘူးဘဲ
သူတို့ဓလေ့နဲ့သူတို့နှစ်သက်စရာကောင်းတာဘဲ"

Bạn đã đọc hết các phần đã được đăng tải.

⏰ Cập nhật Lần cuối: Jun 22, 2023 ⏰

Thêm truyện này vào Thư viện của bạn để nhận thông báo chương mới!

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ