စောတို့ မင်္ဂလာပွဲ့နေ့
မနက်ပိုင်းမှာဘုန်းကြီးကျောင်းဆွမ်းကပ်ပြီး လိုအပ်တဲ့နေရာတွေမှာသွားလျူဒါန်းကြသည်ညနေသုံးနာရီမှာတော့ စက်အဖေဖြစ်စေချင်တဲ့အတိုင်းခမ်းခမ်းနားနားလက်ထပ်ပွဲပေါ့
စက်တို့နှစ်ယောက်လုံး အဖြူရောင်အနောက်တိုင်းဝတ်ဆုံနှင့်လိုက်ဖက်ညီနေကြသည်
စောအနေနှင့်အမျိုးသမီးတစ်ဦးလိုဝတ်စားပေးရမလားဆိုတာတောင် စက်ကအစောသဘောကျတာမို့ဝတ်စရာမလိုဘူးတဲ့သူတို့လာသမျှဧည့်သည်တွေကိုအပြုံးလေးနှင့်လိုက်နှုတ်ဆက်ကြသည်
"စောရေအေး..."
" ဟင် အဖေ"
အခုမှပွဲထဲရောက်လာပုံရတဲ့အဖေနဲ့ညီမလေးကြောင့်
"အဖေ အမေရောမပါဘူးလား""အင်း နေမကောင်းလို့နေခဲ့တယ်"
ဦးဘကောင်းတို့သားအဖသည် မယ်ထုံကိုတမင်တကာထားခဲ့ခြင်းဖြစ်သည်
သူမကဒီမိန်းမလိုမိန်းမရကောင်ကိုအရမ်းချစ်တာကြောင့်သေချာပေါက်သူတို့သားအဖအကြံကိုဖျက်ဆီးမှာမလိုလားသောကြောင့်ပင်"အရမ်းကိုနေမကောင်းဖြစ်နေတာလားဟင် "
"အင်း"
ဦးဘေကာင်းသည် မသက်သာလို့စောအမေးတွေကိုဖြေနေရသော်လည်းအကြည့်တို့ကတော့ ခမ်းနားကြီးကျယ်တဲ့စက်တို့အိမ်ကြီးကိုသာလောဘတကြီးကြည့်နေတာဖြစ်သည်
ဆုဆုထွေးဆိုသောအမျိုးသမီးသည်လည်း ဘာထူးလဲစက်အားကလူသလိုလို မြှူသလိုအကြည့်တို့နဲ့အထာပေးနေသည်ထိုအပြုအမူတို့ကြောင့်စက်နှာခေါင်းရှုံမိသည်
သူသည်ဒီသားအဖအစောပေါ်ဆက်ဆံပုံကိုမြင်ကတည်းကမပတ်သက်ချင်တော့တာ
အခုလည်းမတတ်သာလို့သာဖိတ်ရတာ မဟုတ်ရင်အိမ်ရိပ်တောင်နင်းခိုင်းမှာမဟုတ်ဘူး"ဟေ့လာဦး ဒီဧည့်သည်တွေကိုထိုင်စရာစီစဥ်ပေးလိုက်ပါ"
စက် ပွဲထဲဧည့်သည်တွေကိုဝန်ဆောင်မှုပေးဖို့ငှားထားတဲ့ကောင်လေးကိုလှမ်းခေါ်ပြီးဦးဘကောင်းတို့သားအဖကိုအဝေးခေါ်သွားစေလိုက်တယ်
ပုံမှန်ဧည့်သည်တွေလိုဆက်ဆံခံလိုက်ရတာကြောင့်ဦးဘကောင်းအောင့်သက်သက်ခံစားရသည်
နေနှင့်ဦးပေါ့ ငါ့သမီးကိုတန်းတန်းစွဲဖြစ်လာမှပညာပြပြစ်မယ်
![](https://img.wattpad.com/cover/343321840-288-k810630.jpg)
YOU ARE READING
နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)
Romancebl ပါ normal မဟုတ်ပါ Uni & Zawgi Cover photo crdပါggကမလာတာ