"ကျွန်တော်အားလုံးရှေ့မှာပြောမက်ျွန်တော်အစောကိုချစ်တယ်အစောကကျွန်တော့်လူဘယ်သူမှထိဖို့မကြိုးစားနဲ့"
စောသူ့လက်ကိုတင်းတင်းဆုပ်ကိုင်ထားတဲ့ကောင်လေးလက်ထဲကရုန်းထွက်လိုက်ရင်း
"မင်းနဲ့ကျုပ်နဲ့ဘာမှမဆိုင်ဘူးလေ! ဘာလို့ဒီလိုပြောနေရတာလဲ""အစော...."
ချစ်သူကပေါ်ပေါ်ထင်ထင်ကြီးငြင်းလိုက်တဲ့အခါမှာ
စက်အတော်လေးဝမ်းနည်းမိသွားသည်စောကတော့စက်ကိုလုံးဝဂရုမစိုက်ဘဲ
"အဖေသူနဲ့သားကတစ်ကယ်ဘာမှမဆိုင်တာပါ ယုံပေးပါနော်"" ဒီကိစ္စကိုညနေမှမင်းနဲ့ရှင်းမယ်အခုကိုယ့်နေရာကိုယ်ပြန်တော့! မဟုတ်ရင်မင်းကိုခြောက်ပေါက်ထဲထည့်ပစ်မယ်"
စောဆက်ရှင်းပြချင်သေးသည်
ဒါပေမဲ့အဖေရဲ့တည်တင်းနေတဲ့မျက်နှာကြောင့်စောမှာအထွန့်မတက်ရဲဘဲအိမ်ပြန်ခဲ့ရတော့သည်စောရေအေးဟာအရှက်မရှိညီမဖြစ်သူရဲ့ခင်ပွန်းလောင်းကိုမြှူဆွယ်ဖို့ကြိုးစားခဲ့တာကြောင့်
ရွာထိပ်မှာတင်သူကြီးကရိုက်နှက်ဆုံးမခဲ့သည်ဟူသောသတင်းကိုကြားသောအခါနွယ်ကချက်ချင်းသူငယ်ချင်းဖြစ်သူဆီရောက်ချလာသည်"စော..."
နွယ်ကိုမြင်သည့်အခါရင်ဖွင့်ဖို့အတွက်အသင့်တော်ဆုံးမို့ငိုကြွေးရင်း
"နွယ်...ကျုပ်သူ့ကိုမမြှူဆွယ်ဘူး ကျုပ်တို့ကဒီတိုင်း..."နွယ်သူငယ်ချင်းဖြစ်သူရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး
"စော ငါနင့်ကိုယုံတယ်ပြီးတော့ငါတောင်းပန်ပါတယ်""ဘာလို့လဲနွယ်ရဲ့.."
"ဒီကိစ္စတွေဖြစ်ရတာငါ့ကြောင့်ပါ ငါ...ငါကနင်သာမြို့ကြီးသားနဲ့လက်ထပ်နိုင်ရင်အခုလိုဘဝကလွတ်သွားမယ်ထင်ပြီးရွာထဲမှာမဟုတ်မမှန်သတင်းလွှင့်မိတာနင်နဲ့သူနဲ့ချစ်သူတွေဖြစ်နေပါတယ်ဘာညာဆိုပြီးတော့ပေါ့"
စော နွယ့်ကိုမယုံကြည်နိုင်သောအကြည့်တို့ဖြင့်ကြည့်လိုက်ပြီး
"နွယ်! ဘာလို့မင်းဒီလိုလုပ်ရက်ရတာလဲ အခု...အခုကျုပ်ကလေကိုယ့်ညီမရဲ့ခင်ပွန်းလောင်းကိုကြောင်တောင်နှိုက်ချင်တဲ့ကောင်ဆိုပြီးလူကြားထဲမှာအပြောခံရတော့မှာ"

YOU ARE READING
နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)
Romancebl ပါ normal မဟုတ်ပါ Uni & Zawgi Cover photo crdပါggကမလာတာ