part 21

4.2K 167 7
                                    

နှစ်ပတ်အကြာမှာတော့စက်ဒဏ်ရာအရှင်းပျောက်သွားပြီ
ဒါကြောင့် သူတို့ရည်ရွယ်ထားတဲ့အတိုင်းကိုကံပိုင်တို့ရွာလေးဆီပြန်လာခဲ့ကြသည်

"ကိုကြီးစက်ခွန်မှိုင်းတို့ပြန်လာပြီလား"
သူတို့ကိုတွေ့တော့စံအေးကဦးကြိုနှုတ်ဆက်တယ်

"ဟုတ်တယ်စံအေးရေ ..နေကောင်းကြတယ်မလား"

"ကောင်းပါတယ် ကိုကြီးကခြံထဲသွားနေတုံးပြန်မလာသေးဘူးသွားခေါ်ပေးရမလား"

"နေနေ အလုပ်ပျက်နေပါဦးမယ်ညနေပြန်လာမှနှုတ်ဆက်လိုက်ပါ့မယ်"

ထို့နောက် ကိုကံပိုင်သူတို့အတွက်စီစဥ်ပေးထားတဲ့သစ်အိမ်ကလေးဆီဘဲသွားပြီးသန့်ရှင်းရေးတွေဘာတွေလုပ်ကြသည်
စံအေးကလည်းလာကူညီပေးသည်
ပင့်ကူမျှင်တွေကူရှင်းပေးနေသည့်စံအေးမှ
"ကိုကြီးစက်ခွန်မှိုင်းတို့သိလား ကျွန်တော်နဲ့ကိုကြီးကချစ်သူတွေဖြစ်နေကြပြီ"

"ဝမ်းသာပါတယ်ကွာ"

"တစ်ဘက်ခါကျရင်အမေတို့ကိုလာတင်တောင်းဖို့ပြောထားတယ်"

"စံအေး မင်းဘာပြောလိုက်တယ်"
ကံပိုင် စက်တို့ပြန်ရောက်ပြီဟု ကြားလို့ချက်ချင်းပြန်လာခဲ့တာ
ဒီရောက်တော့ စံအေးကသူ့ကိုတင်တောင်းဖို့အကြောင်းပြောနေသည်
ဒီကောင်လေးကတော့ ငါမသိဘဲပေါက်ကရတွေလျှောက်လုပ်ပြန်ပြီ

စံအေးသွားအဖြဲသားလေးနှင့်ရယ်ပြကာ
"ဟီး ကိုကြီးကြားသွားတာလား"

"ကြားတယ်ဟေ့ကြားတယ် မင်းငါ့ကိုမပြောမဆိုဘဲကိုယ့်သဘောနဲ့ကိုယ်ဘယ်အချိန်ထိလျှောက်လုပ်နေမှာလဲ!"
ကံပိုင်မျက်နှာကတည်တင်းနေကာ ငါမင်းကိုစိတ်ဆိုးတယ်ကောင်စုတ်ကလေးဟုစာတန်းထိုးထားသကဲ့သို့ဖြစ်နေ​တော့သည်

"ကိုကြီးသဘောမတူမှာဆိုးလို့နောက်မှအသိပေးမယ်စဥ်းစားထားတာပါ"

"တော်! ဘာဆင်ခြေဆင်လက်မှမကြာချင်ဘူးငါ့လာမခေါ်နဲ့"
ကံပိုင်ဘောက်ဆက်ဆက်နှင့်အိမ်ပေါ်ကဆင်းသွားသည်

"ကိုကြီး မောင့်ကိုကြီးရေစိတ်မဆိုးနဲ့လေ မောင်တောင်းပန်တယ်လေနော် နောက်တစ်ခါကိုကြီးမသိဘဲဘာမှမလုပ်တော့ဘူးလို့လဲကတိပေးပါတယ်"
စံအေးကလည်းတကြော်ကြော်အော်ကာနောက်ကပြေးလိုက်သွားသည်
ထိုစုံတွဲကြည့်ပြီးစက်တို့မှာပြုံးနေတော့သည်

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Nơi câu chuyện tồn tại. Hãy khám phá bây giờ