part 14 (uni &zg)

2.9K 196 1
                                    

"ကျွန်တော်ဒီမှာဘဲအခြေချဖို့စဥ်းစားထားတယ် အဖေ"

"ဟ! ဘယ်ဖြစ်မလဲ မင်းပြန်မလာရင်ငါ့မိန်းမအိမ်ပေါ်ကဆင်းတော့မှာကွ"

"ဒါဆိုကျွန်တော်တို့ကိုအဖေသဘောတူပြီလား"

ဦးစက်ရောင်နှာမှုတ်လိုက်တယ်
သူသဘောမတူတော့ရော သားဖြစ်သူကဟိုကောင်လေးကိုလွှတ်ပေးမှာကြနေတာဘဲ

"အင်းသဘောတူတယ်"

"ဒါဆိုကျွန်တော်တို့ပြန်လိုက်ခဲ့မယ်ဟိုရောက်မှအမေ့ကိုအကျိုးအကြောင်းပြောပြတာပေါ့"

"ပြီးရောကွာ ဒီညကားစီးမယ်ပြင်စရာရှိတာပြင်ထား"

"ဟုတ်ကဲ့အဖေ"

ထို့နောက်စက်နဲ့မှိုင်းအဝတ်အစားတစ်ချို့ကိုထုတ်ပိုးကြသည်

အဝတ်တွေထုတ်ပိုးနေတဲ့စောမျက်နှာကမကောင်းတာကြောင့်
"အစော ဘာဖြစ်လို့လဲ"

"မဲလုံးလေးတို့ကိုထားခဲ့ရတော့မယ်လေ"

စောလက်ကလေးကိုသူကိုင်လိုက်ပြီး
"ကျွန်တော်တို့ဟိုမှာတစ်လလောက်ဘဲနေမှာပြီးရင်ဒီကိုပြန်လာနေကြမယ်လေ ဒါပေမဲ့အစောကမဲလုံးလေးတို့ကိုမခွဲနိုင်ရင်လှောင်အိမ်လေးနဲ့ခေါ်ခဲ့ ပေါ့"

"မင်းအဖေကကြိုက်ပါ့မလား"

သူစောရဲ့နှာဖူးလေးကိုမနာအောင်ခပ်ဖွဖွတောက်လိုက်ပြီး
"ဘယ်သူတွေသဘောကျကျမကျကျကျွန်တော့်အတွက်စောပျော်ဖို့သာအဓိကဘဲ"

ထိုစကားတွေကိုအတိုင်းသားကြားနေရတဲ့ဦးစက်ရောင်ကချက်ချင်းသားဖြစ်သူကိုထရိုက်ပစ်ချင်လာတယ်
ငါ့သားက လင်ထိပ်ထားစံတောင်ရိုးရိုးမဟုတ်ဘူး လင်ထိပ်ထားစံရာမှာဘုရင်ဖြစ်နေပြီ

____________________________________________
စက်တို့ပြန်ခါနီးတော့ ကိုကံပိုင်တို့ကိုနှုတ်ဆက်ကြသည်

"ကိုကံပိုင် ကျွန်တော်တို့ခနပြန်ဦးမယ်နော်"

"အေးအေး သေချာဂရုစိုက် မင်းတို့အိမ်ကိုသေချာဂရုစိုက်ပေးထားမယ်"

" ဟုတ်ကဲ့စံအေးရောနှုတ်ဆက်တယ်နော် "

"ဟုတ်ကဲ့ ကိုကြီးစက်ခွန်မှိုင်းနဲ့ကိုကြီးစော ပြန်လာရင်ကျွန်တော့်အတွက်လက်ဆောင်ဝယ်လာေနော်"

နမ်းချင်တယ်သူ့ပါးထက်က ရွှေဝါရောင်သနပ်ခါးကလေး( Complete)Où les histoires vivent. Découvrez maintenant