9

2.1K 159 1
                                    

Unicode
(Warning ပိစိလေးပါပါတယ် )

ချစ်သူဖြစ်ပြီး၁လအကြာ...

Weekend တွေတိုင်း ထယ်ယောင်းက သူ့အိမ်မှာလာနေတယ်။ ထယ်ယောင်းရဲ့ တနေ့တာ ဝေယျာဝစ္စကို သူတာဝန်ယူရတော့တာပဲ။ ညဘက်ဆို ထယ်ယောင်းက သူနဲ့အတူနေဖို့ အကြောင်းအမျိုးမျိုးဖန်တီးတတ်တယ်။ သို့ပေမယ့် သူအလုပ်တွေရှုပ်နေတဲ့အချိန်မှာဆိုတော့ ထယ်ယောင်းက အလိုက်သိစွာ ဘေးနားမှာပဲ စာအုပ်တွေဖတ်ရင်း ငြိမ်ငြိမ်လေးနေတယ်။

ထယ်ယောင်းရဲ့ နီးကပ်လာတဲ့ စာမေးပွဲကြောင့် ချစ်သူဖြစ်နေပေမယ့် သူအလိုမလိုက်ပါ။ ကျောင်းပြီးမှသာ သူသွားချင်တဲ့နေရာစုံလိုက်ပို့ပေးမယ်လို့ စကားကုန်ပြောထားပြီးသား။ မေဘယ်လ်ကလဲ သူဒီလိုပြုမူတာကြောင့် ချစ်သူတွေမှန်းသံသယ မဝင်ဘဲအခုထိ မရိပ်မိဘဲ နေနေသေးတာ။

မေဘယ်လ်စကားဆိုပြန်မပြောနားမထောင်တဲ့ထယ်ယောင်းကို 'ဒီလိုဒီလို မပြုမူရဘူး လိမ္မာတဲ့ကလေးဆိုတာ လူကြီးသူမစကားကိုအလေးအနက်ထားရတယ်'လို့ဆုံးမသံလဲမမည် သူသေသေချာချာနားသွင်းပြီးထဲက ပြောင်းလဲလာတဲ့ အကျင့်စရိုက်လေးကချစ်စရာကောင်းလှသည်။

မေဘယ်လ်ရဲ့စကားဆို ဖုတ်တဲ့ငပိရှိတယ်လို့မထင်အောင် နားမထောင်အာရုံမစိုက်တဲ့ထယ်ယောင်းကအရင်တခေါက်က သူမရဲ့ စကားကို မငြင်းဆန်ပဲ လက်ခံလာတာမို့ ကိုယ့်မျက်စိကိုယ်မယုံနိုင်ဖြစ်ကာဂျွန့်ဆီ တကူးတကလာဖောက်သည်ချတယ်။ သူ့ကြောင့်လိမ္မာလာတဲ့ကာရိုလိုင်းကို ပြုံးပြုံးကြီးကြည့်ကာ ကျေးဇူးတင်ကြောင်းအထပ်ထပ်ဆိုတယ်။

ဘုရားကျောင်းတွေကိုလဲ မေဘယ်လ်နဲ့အတူလိုက်တက်တယ်။ ကိုးကွယ်ရာဘာသာက ဘာလဲ လို့သူမေးမြန်းတုန်းက ' မရှိဘူး ဘယ်ဘုရားသခင်မှမယုံဘူးလို့' သူဖြေတယ်။

ဒါဆို ဘာသာမဲ့လားလို့ ပြန်မေးတော့ လက်ရှိ ခရစ်ယာန် ဘာသာဝင်ပါတဲ့လေ။ ဘုရားကျောင်းသွားဖို့ မေဘယ်လ် ပြောတိုင်းမလိုက်ချင်ဘူးဆိုပြီး ငြင်းတတ်တဲ့ ထယ်ယောင်းက မေဘယ်လ်နဲ့မီဆိုနှစ်ယောက်ကို ဂျွန်ကားနဲ့လိုက်ပို့ထဲက ဆုံးဖြတ်ချက်တွေပြောင်းသွားပုံရသည်။

Midnight Rain (KOOKV)Where stories live. Discover now