17

1.8K 129 3
                                    

Unicode

တီ...တီ

' ဒေါက်တာ လူနာနှလုံးပြန်ခုန်နေပါပြီ '

ဆေးရုံ လူနာဆောင်အခန်းတွင်းသို့ ခြေသံများ ဝရုန်းသုန်းကား ဝင်ရောက်လာသံများ ဖိနပ်ခွါသံများ ကို နားထဲသို့ ကျယ်လောင်စွာ ကြားနေရသောကြောင့် သူမျက်ခုံးတွေ တွန့်ချိုးသွားသည်။ စူးခနဲ နာကျင်အောင့်မျက်နေတာကို ခံစားလိုက်ရသည်။ သူခြေထောက်တွေ လှုပ်လို့မရပါ ။ လက်တဖက်တွင်လဲ ဆေးထိုးပိုက်သွယ်ကို ဝိုးတဝါးတွေ့ရသည်။အောက်ဆီဂျင် ပိုက်သေးလေးကနေ အားမရစွာ အသက်ကိုလုရှုနေရင်း

' လူနာ...လူနာ အသံတွေကြားရလား '

သူပြန်မဖြေနိုင်ပါ ။ သူအခု ဆေးရုံကိုရောက်နေတာဘာကြောင့်ရောက်နေလဲ ဉီးနှောက်ကိုပြန်အလုပ်ပေးတော့ ဉီးခေါင်းတစ်ခုလုံး ထုံထိုင်းနေပြီး ကိုက်ခဲနေသည်။ဂျူတီကုတ်အဖြူရောင်တွေနဲ့ ဒေါက်တာသုံးလေးယောက် ကုတင်ဘေးပတ်လည်မှာ ရပ်နေသည်။ အားလုံးက သူ့ကို စိုးရိမ်တကြီးကြည့်နေသည်။ အခုမှ အမြင်တွေက ဝေဝါးရာမှ တဖြည်းဖြည်း ကြည်လာသည်။

' လူနာခင်ဗျ ကျွန်တော့်အသံ ကြားရလား '

သူခေါင်းအသာငြိမ့်ပြလိုက်သည်။

' ဒေါက်တာ ကျွန်တော် ဘာဖြစ်သွားတာလဲ '

ဒေါက်တာက 'အခြေအနေကောင်းပြီ ' ဆိုတဲ့ အမူအရာနဲ့ သူနာပြုမလေးကို ခေါင်းငြိမ့်ပြတယ်။

' ခင်ဗျား သတိမေ့နေတာ နှစ်ပတ်ကျော်ပြီ...ဒီကို အရေးပေါ် လူနာအဖြစ်ရောက်လာတာ ... ခင်ဗျား ဘာဖြစ်ခဲ့လဲမမှတ်မိဘူးလား '

' ဟင့်အင်း '

သူတကယ် မမှတ်မိပါ။ ပတ်မင်ဂျောင် အကြောင်းစုံစမ်းရင်း အိမ်နီးချင်းဖြစ်ဖူးတဲ့ အဒေါ်ကြီးရှိတဲ့ gamcheon ထိ လိုက်သွားခဲ့တာ။ လမ်းတဝက်လောက်မှာ သူကားက ရုတ်တရက်ထိုးရပ်သွားလို့ ဆင်းပြီး ကြည့်ရင်း နောက်ဘာဆက်ဖြစ်လဲမသိတော့ပါ။

' ခင်ဗျားကို လူသုံးလေးယောက်လောက် ဝင်ရိုက်ကြတယ်လို့ ပြောတယ် တကယ် ဘာမှမမှတ်မိဘူးလား အမှုဖွင့်ဖို့ခက်ပြီထင်ပါတယ်...'

Midnight Rain (KOOKV)Where stories live. Discover now