14

2K 151 2
                                    

Unicode

အပြန်လမ်းမှာမှ ကားလေးကလဲ ​ပိုမြန်နေသလို မြင်ရတဲ့ကောင်းကင်ကြီးကအရင်ကထက်ပိုအရောင်အသွေးစုံနေသလို။ သစ်ပင်တွေက ပိုစိမ်းစိုနေသလို။ သူ့စိတ်အစဉ်လေးဟာလဲ ဂျွန့်အ​ပေါ် ပိုပျော်ဝင်နေသလို။ မမြင်ရသေးတဲ့အနာဂတ်ဟာ ဂျွန်နဲ့အတူဆိုတဲ့အတွေးနဲ့ စိတ်ကူးယဉ်လ်ုက်တိုင်း သူ့နှာခမ်းပါးလေးတွေကော့်ညွှန့်သွားတဲ့ထိ ကြည်နူးစရာ။

' ဂျွန် ..ရုပ်ရှင်ကြည့်မယ်နော် '

' မိုးအရမ်းမချုပ်ခင်ရောက်သွားရင် လိုက်ပို့ပေးမယ်နော်အချစ်ကလေး '

' အချစ်ကလေးလို့မခေါ်နဲ့ '

' ဘာလို့လဲ ကိုယ်ချစ်လို့ခေါ်တာပဲ '

' အသည်းယားလို့ ..ဂျွန်ကအချစ်ကလေးလို့ခေါ်တိုင်း ရင်ထဲလိပ်ပြာလေးတွေဝဲသွားသလိုပဲ ခ်ခ်'

ကားလေးဟာအရှိန်ပိုသွက်နေတာကြောင့်အိမ်ကို မြန်မြန်ရောက်သွားမှာကိုစိုးရိမ်မိတယ်။ အသွားတုန်းက အနောက်ကထိုင်ခုံမှာထိုင်လိုက်လာသူကအခုတော့သူ့ဘေးနားမှာ။ သူ့လက်တွေကိုမလွှတ်တမ်းချိတ်ထားသေးတာ။ ဘယ်သူမှယုံလောက်မှာမဟုတ်ပေမယ့် ကားကိုလက်တဖက်တည်းနဲ့မောင်းခဲ့ရတယ်။

ကားလေးက နေမဝင်ဆည်းဆာအောက်မှာ တလှိမ့်လှိမ့်။ လမ်းဘေးတနေရာမှာထိုးရပ်လိုက်တော့ ဘာလုပ်မလို့လဲဆိုပြီး မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်တယ်။ဒီလောက်စိတ်အစုံကိုနှိုးထအောင် လုပ်ပြီးသူမဟုတ်သလိုနဲ့ ။ ဟန်ဆောင်ကောင်းတဲ့ ကာရိုလိုင်းပါလား..

' ဂျွန် ကားဘာလို့ရပ်လိုက်တာလဲ '

' ဒီခြေချောင်းလေးတွေ ဘယ်ကိုပွတ်သပ်နေတာလဲ မသိလို့မေးတာလား '

သူ့ခြေချောင်းတွေကိုဖမ်းဆုပ်ပြီးမေးတော့ နှာခမ်းကိုဖိကိုက်ကာတစ်ခုခုကို လုပ်လိုက်ဖို့စေ့ဆော်နေတယ်။ ထိုင်ခုံကနေ ခြေထောက်တွေကိုသူ့ဘောင်းဘီတနေရာပေါ်တင်ပြီး တလမ်းလုံးကလိလာတာ သူ့အောက်ပိုင်းကခုအဆင်မပြေတော့ဘူး။ဘုရားသခင်ကယ်လို့လဲမရတော့ဘူး။ စတဲ့လူက ပြန်အဆုံးသတ်ပေးရမှာပဲရတော့မှာ။

Midnight Rain (KOOKV)Where stories live. Discover now