18

1.8K 129 1
                                    

Unicode

မဆက်သွယ်ဖြစ်တဲ့နှစ်ပတ်အတွင်း မတော်တဆ ဖြစ်တဲ့အကြောင်းကို မေဘယ်လ်တို့ဆီ ဖုန်းဆက်အကြောင်းကြရသေးတယ် ။ ထယ်ယောင်းကသူထားသွားတယ်' ထင်ပြီးဝမ်းနည်းနေခဲ့သေးသည်တဲ့လေ ။ ဘယ်လောက်တောင် စိတ်ပူနေလိုက်မလဲ ။
ဖုန်ူကနေတဆင့် သူအသေးစိတ်ပြောပြမှ အသက်ဝဝရှူနိုင်သလို သက်ပြင်းလေး ရှိုက်လိုက်တာ ကြားရတယ်။

'အဲဒီတော့ ငိုခဲ့သေးလား ကိုယ်ကို လူဆိုးကြီးလို့ တွေးနေခဲ့သေးလားဟင် '

' မတွေးပါဘူး ငိုနေမိခဲ့တာတော့ဟုတ်တယ် ဂျွန် မထားသွားဘူးဆိုတာကို..ဘာလို့မှန်းမသိ ပင်ကိုယ်သိနဲ့ သိနေခဲ့တာ '

' ဟုတ်လား '

' အင်း..'

အဲဒီနောက် သူစာမေးပွဲကောင်းကောင်းဖြေနိုင်ကြောင်း ၊ ပန်းချီတွေဆွဲပြီး ပုံတူပန်းချီတကားကို ဒေါ်လာ ၃၀ နဲ့ ဆွဲပေးနေတဲ့အကြောင်း ။ မီဆိုက ဩစတြေးလျကို ပညာတော်သင်သွားပြီဆိုတဲ့အကြောင်းတွေကို ဖုန်းလိုင်းကနေ တတွတ်တွတ်နဲ့ ပြောပြနေတယ်။

သူကတော့ ထယ်ယောင်း ပြောပြတဲ့အကြောင်းအရာတွေကို အလိုက်သင့် ထောက်ပေးပြီး နားထောင်နေမိတယ်။ ခါတိုင်းလိုပဲ ဘယ်အချိန် ပြန်လာမလဲ မမေးဘဲ ' လိုက်လာမယ် စောင့်နေ ' လို့ ပြောတဲ့ သူ့စကားကိုမှန်းဆမိပေမယ့် နားနဲ့ ထပ်ကြားလိုက်ရတဲ့အခိုက်မှာ ကြည်နူးစွာ ပြုံးမိသေးတယ်။

' အဲတော့ ကိုယ့်ကိုစောင့်နေခိုင်းတာဟုတ်ပါပြီ ဘယ်တော့ လာမှာလဲ '

' သိပ်မကြာတော့ဘူး ဒီတိုင်း ငြိမ်ငြိမ်လေးစောင့်နေနော် '

' ဟားး ဟုတ်ပါပြီ ကိုယ် စောင့်နေမယ်နော် '

' အင်း...ဂျွန်!! '

' ... '

နှစ်ယောက်သား တိတ်ဆိတ်သွားပြီး ပြောစရာ စကားမရှိတော့တာမို့ ဖုန်းချခံနီး နှုတ်ဆက်စကားပြောဖို့ ကြံသေး အလန့်တကြား စူးခနဲ ' ဂျွန် ' လို့ ခေါ်သံကြောင့် မွှေးညှင်းလေးတွေ ထောင်သွားတယ် ။

' ချစ်တယ် '

ဟုတ်တယ်...ချစ်သူရဲ့ဒီအသံလေး နားထောင်လို့ကောင်းလိုက်တာ .. လေလှိုင်းထဲက မို့ အသံလေးက နားထဲကို ငြိမ်ညောင်းစွာ ဝင်လာတယ်။ ချစ်တယ်' ဆိုတဲ့ ဝန်ခံခြင်းလေးဟာ ဒီလောက်တောင်ပဲ သူ့ကို စိုးမိုးနိုင်ရလားလို့ တွေးမိသေးတယ်။

Midnight Rain (KOOKV)Where stories live. Discover now