30

3K 140 4
                                    

Unicode

ရာသီတွေ အလီလီ ပြောင်းသွားရင်တောင် အဲ့ဒီအမျိုးသားလေးအပေါ် ချစ်တဲ့စိတ်ဟာ ပြောင်းလဲ သွားမှာမဟုတ်ပါဘူး။ တချိန်မှာ တစ်ခါသာ ဖူးပွင့်ခဲ့တဲ့ ပန်းလေးလို သူ့အချစ်ဟာလဲ ရင်မှာ တစ်ခါသာပွင့်ဖူးခဲ့ပြီး အချစ်ပန်းလေး စတင်ဖြစ်တည်လာချိန်ဟာ ထိုဆယ်ကျော်သက်ကောင်လေးကို ဆုံတွေ့ကတည်းက ဆိုပါတော့။

ဘယ်အချိန်ဘယ်အခါ အတိအကျမှာ ဒီအမျိုးသားလေးအပေါ် ယိမ်းယိုင်သွားသလဲ မတွေးတတ်တော့ပါ။ သေချာတာတစ်ခုကတော့ အဲဒီမျက်ဝန်းညိုလေးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရတိုင်း နှလုံးသားဟာ အချစ်ဆိုတဲ့ အရာအောက်မှာ ပျော်ဝင်နေပါပြီ။

သူစီမံပေးထားတဲ့ အိမ်အပေါ်ထပ်က အခန်းလေးမှာ ပန်းချီဆွဲနေသူဟာ သူရဲ့ လောလောလတ်လတ် လက်ထပ်ထားတဲ့ အိမ်သူလေးပေါ့။ မြင်လိုက်တိုင်း ရွှေရောင်ဆံနွယ်ခွေလေးတွေက ဂုတ်ပေါ်ဝဲကျလို့၊
ဆံသဆိုင်ကိုလဲ မသွားချင် ဟု ခင်ပွန်းသည်ကို ချစ်စရာ အသံချိုချိုနဲ့ ချွဲနွဲ့ပြောတည်းက ဆံပင်လေးတွေ ရှည်လာတိုင်းသူသာ ကတ်ကြေးနဲ့ တိပပေးရတယ်။

ပါးလျတဲ့အဖြူရောင်လက်ရှည်အကျီလေးကြောင့် အတွင်းသားတွေ မြင်နေရတယ်။ ပြတင်းပေါက်က လေအသော့ဟာ အိမ်ထဲကို တိုးဝင်လာပြီး ပန်းချီဆရာလေးရဲ့ အကျီစဟာ ခပ်လွင့်လွင့်။ သာမာန်ယောကျ်ားပျိုများနဲ့ နှိုင်းစရာမရှိအောင် လက်ချောင်းသွယ်သွယ်လေးတွေက စုတ်တံကို ကိုင်တွယ်ကာ စုတ်ချက်တင်နေသည်။ မြင်နေရတဲ့ကျောပြင်သေးသေးလေးကို ဆွဲဖက်ထားချင်မိတဲ့ထိပဲ။ သို့သော်် ပန်းချီဆွဲနေတဲ့အရှိန်ပျက်သွားမည်စိုး၍ အခန်းအဝတွင်သာ ငေးကြည့်နေလိုက်သည်။

စတော်ဘယ်ရီ ကြိုက်တဲ့ကောင်လေးမို့ သူ့အနားတိုးကပ်တိုင်း စတော််ဘယ်ရီနံ့ရလိမ့်မယ်လို့ ထင်ထားပေမယ့် ပန်းချီဆေးနံ့သာရတယ်။ အိမ်သူသက်ထားလေးဟာ သူနဲ့ လက်မထပ်ခင်ထဲက ချစ်စရာကောင်းတဲ့အမူအကျင့်လေးတွေလဲ ရှိနေခဲ့ပါတယ်။ သူကတော့ ချစ်သူလေးရဲ့ အပြုအမူအပြောအဆိုလေးတွေကအစ မှတ်သားထားလေ့ရှိပါတယ်။

သူနဲ့မတွေ့ခင်ကတော့ အင်မတန် ပြောမကောင်းတဲ့ ခပ်တေတေ ကောင်ကလေး ဖြစ်ခဲ့တာပေါ့။ အိပ်ရာကနိုးလာရင် ခြေအိတ်တဖက်မရှိတဲ့ ကာရိုလိုင်း၊ အသံဩရှရှလေးနဲ့ သူ့နှလုံးသားကိုလှုပ်ခတ်စေတဲ့ ထယ်ယောင်း၊ တခါတရံ အကြည့်စူးစူးကိုပေးတတ်ပြီး ကျောင်းမှာ ချာတိတ်မတွေရဲ့အသည်းကို ဆွဲဆောင်နိုင်တဲ့ victory kim..
Jeon
..............

Midnight Rain (KOOKV)Where stories live. Discover now