24

1.6K 110 5
                                    

Unicode

အချိန်တိုင်းမှာ ကာရိုလိုင်းဆိုတဲ့ အမျိုးသားလေးကို ပိုင်ဆိုင်ခွင့်ရဖို့ ကြိုးစားနေခဲ့ရတာ၊ နောက်ဆုံးတော့ သူစိတ်ကူးယဉ်ထားတဲ့ အိမ်မက်လှလှ​လေးဟာ အမှန်တကယ် ပြည့်ဝလာတော့မှာ။ သက်ရှိလူသားတွေထဲက ဒီလို ရွှေအဆင်းနဲ့ ချောမောလှပတဲ့ ယောကျ်ားပျိုကို ပိုင်ဆိုင်ခွင့်ရတာ နည်းတဲ့ကံလား။ ထယ်ယောင်းပြောသလို ဘုရားသခင်ဟာ သူ့အတွက် လှပတဲ့လက်ဆောင်လေးပေးခဲ့တာပဲ။

လက်ထပ်ခွင့်တောင်းတဲ့အချိန်တုန်းက ဒူးထောက်ပြီးတောင်းလိုက်ရမှာ..ကိုယ့်ကိုကိုယ်ပြန်တွေးမိတိုင်း စိတ်ထဲဘဝင်မကျ။

ကားထဲမှာ နှစ်ယောက်သား မျက်နှာချင်းဆိုင် ကိုယ့်အသက်ရှူသံ ကိုယ်ပြန်ကြားတဲ့ထိ နီးကပ်နေတဲ့ အခိုက်အတန့်လေးကို ပြန်တွေးမိတိုင်း ကြည်နူးစိတ်က သူ့တကိုယ်လုံးပေါ် ဖြန့်ကျက်လာတယ်။လမ်းဘေးမီးတိုင်က အလင်းရောင်က ကားလေးထဲ မရောက်တရောက်။ မြင်နေရတဲ့ မျက်နှာလေးဟာ ရှက်လို့ ထင်ပါရဲ့ မျက်လွှာချထားတယ်။ ပါးလေးနှစ်ဖက်ဟာ နီရဲနေပြီး နှင်းဆီဖူးလေးလို နူးအိနေမယ့် နှာခမ်းလေးပေါ် ဝပ်တွားချင်စိတ်က တရိပ်ရိပ်။

ဘယ်လို သတို့သမီး/သား လောင်းဟာ လက်ထပ်ခွင့်တောင်းရင် ချက်ချင်းအဖြေပေးလို့လဲ။ ကာရိုလိုင်းကိုသူ့အပေါ် နည်းနည်းတော့ မူစေချင်တာအမှန်။

ချစ်လားဆို ချစ်တယ် ၊ လက်ထပ်မလားဆို လက်ထပ်မယ် ချက်ချင်းတုန့်ပြန်တတ်တဲ့ ကောင်လေးပါပဲ။ ဒီလို အချစ်ဉီးနဲ့ နှစ်ယောက်တစ်ဘဝဆိုတာမျိုး တွေးမိတိုင်း ရှေ့ဆက်ကြုံတွေ့ရမယ့် ဘယ်အခက်အခဲ အတားအဆီးဆို ကျော်ဖြတ်ဖို့ သတ္တိကအပြည့်။

ကျောင်းမှာ ဒိတ်ဒိတ်ကြဲ အချေမင်းသားလေး ဖြစ်ခဲ့တဲ့ ကာရိုလိုင်းဟာ သူ့ကိုကြွေတဲ့ မိန်းကလေးတွေဆို မသိလိုက်မသိဘာသာနဲ့ ခပ်တည်တည်နေခဲ့တာ။ ကနေဒါမှာ နေခဲ့တဲ့ ကာလအတွင်း ကာရိုလိုင်းရဲ့ အချစ်ရေးအချစ်ရာဟာ သူနဲ့ မချစ်ကြိုက်ခင်ထဲက ဇာတ်လမ်းလေးတွေ ခပ်များများရယ်။

အကိုရော ညီမဖြစ်သူပါ ဒီလောက် စန်းပွင့်တာ မမြင်ဖူးဘူး။ ကာရိုလိုင်းက ခပ်တည်တည်ဆို မီဆိုက မပဲစိန်မလေးပါပဲ။ အလှအပကြိုက်သလို ကောင်လေးတွေလဲ တယောက်ပြီးတယောက် တွဲတတ်တယ်။ သို့သော် မီဆိုထက် ကာရိုလိုင်းက ပိုပြီး စန်းပွင့်တာ။ ကျောင်းရဲ့အချစ်ခံတော်ကြီး victory kimပါပဲ။

Midnight Rain (KOOKV)Where stories live. Discover now