23

1.7K 111 3
                                    

Unicode

အပိုင်း (၂၃)နဲ့ လိုက်ဖက်မယ့် သီချင်းလေးက၁၉၉၉မှာ ထွက်ရှိခဲ့တဲ့ hikaru utada ရဲ့ 'first love' ဆိုတဲ့သီချင်းလေးပါ။
~~~
စိတ်လှုပ်ရှားခြင်းဆိုတာ ပျော်ရွှင်မှုဆီက မြစ်ဖျားခံပါတယ်။ တစ်သက်မှာ တစ်ခါမှ အမျိုးသားတစ်ဉီးဆီက လက်ထပ်ခွင့်တောင်းခြင်းခံရမယ်လို့ အိမ်မက်တောင်မမက်ခဲ့ဘူးဆိုတာ ဝန်ခံရပါမယ်။တကယ်ပြောတာ ဘဝမှာရှင်သန်နေထိုင်ရင်း ယောကျ်ားတယောက်ကို ချစ်မိလိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ သေချာတာတစ်ခုက ဂျွန်ဆိုတဲ့ အမျိုးသားကို စမြင်လိုက်ထဲက နှလုံးသားတစ်နေရာမှာ အမျိုးအမည်မသိတဲ့ ခံစားချက်က ဝင်ရောက်လာခဲ့ပြီးသား။

ဒီလို ယောကျ်ားမိန်းမ သဘောတရားကိုသာ လက်ခံထားတဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ချစ်ရသူက ယောကျ်ားတစ်ယောက်ဖြစ်တယ်ဆိုတာ ဝန်ခံဖို့ အင်မတန် ဝန်လေးမိပါတယ်။ ကွဲလွဲနေတဲ့ လူသားတစ်ယောက်လို ကြောက်နေမိနေသေးတာ။

ချစ်နေသူနဲ့ ချစ်မိသူ နှစ်ဉီးစလုံးမှာ တူညီတာတစ်ခုက ထပ်တူကျနေတဲ့နှလုံးသားပါပဲ။ တစ်ယောက်ရင်ထဲမှာပြောနေတဲ့စကားကို တခြားတယောက်ဟာ ကြားနိုင်ပါသလား။ ဂျွန့်နှလုံးသားထဲ နေရာယူထားတဲ့သူဟာ တခြားသူမဟုတ်ဘဲ ကိုယ်ဆိုတာ တန်းသိနေတာက နှလုံးသားနဲ့ ပင်ကိုယ်သိကြောင့်လား ဒါမှမဟုတ် ဂျွန်ဟာ သူ့အပေါ်ကလွဲပြီး ကျန်တဲ့သူတွေအပေါ် ခပ်တည်တည် ခပ်တန်းတန်းနေခဲ့လို့လား။

အတွေးဟာ ဒီနေရာမှာ အဆုံးသတ်တိုင်း ဂျွန်နဲ့ တွေ့ဆုံခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို အကြိမ်ကြိမ် ဉီးညွှတ်မိတယ်။ ချစ်ကြပြီကြိုက်ကြပြီဆိုထဲကဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်လေးသူဟာ ဂျွန့်အပေါ် အတော်ဆိုး ခဲ့ပါလား တွေးမိတော့ ရှက်သွေးကဖြန်းခနဲ။ ဟုတ်ပါတယ်..ဂျွန်နဲ့ အတူနေဖို့ နေ့တိုင်းထွေလီကာလီတွေပြောပြီး သွေးဆောင်ခဲ့သူဟာ သူပါပဲ။

ပြန်တွေးတိုင်း ရှက်လွန်းလို့ မျက်နှာကဘယ်နားဖွက်ထားရမလဲ မသိ။ ဒီလိုဆို ဂျွန်ပြောနေကြအတိုင်း 'ရင်ခွင်ထဲ ဝင်ပုန်းနေ' ဆိုတဲ့စကားနားထဲ ပဲံတင်ထပ်ပြန်တယ်။ ဒီလို ရှေ့လျှောက် ရှက်နေလို့မပြီးဘူး အရွယ်ကဖြင့် ၂၁ကျော်လို့ ၂၂ ထဲဝင်တော့မယ် လက်ထပ်ပြီးကျရင် ဒီလိုခံ့ခံ့ညားညား အမျိုးသားနဲ့ ဘယ်နှယ့် စခန်းသွားကြမလဲ။

Midnight Rain (KOOKV)Where stories live. Discover now