22

1.7K 114 2
                                    

Unicode

ကနေဒါကနေ အပြီးအပိုင် ပြောင်းရွှေ့လာတဲ့ ကောင်လေးပါပဲ။ ကနေဒါက ငှါးနေတဲ့အိမ်လေးမှာ အတူနေခဲ့တုန်းကလို luggage အိတ်တွေနှစ်ခုသုံးခုလောက် ထုပ်ပိုးပြီးသူ့အိမ်ပေါ်ရောက်လာတဲ့ ကာရိုလိုင်းဟာ အခုလဲ ကိုရီးယားထိ ပစ္စည်းပစ္စယာတွေ အကုန်နီးပါးသယ်ယူလာတယ်။

'မလေးဘူးလား အချစ်ရယ်' လို့ ဘူဆန်ထိ အထုပ်ကြီးငယ်ဆွဲလာခဲ့တဲ့ သူ့ပုံစံလေးကို မြင်ယောင်ကြည့်ရင်း စိတ်မကောင်းဖြစ်ရသေးတယ်။

'လေယာဉ်ကွင်းကနေ တက္ကစီ စီးတယ်၊ နောက်ပြီး ဆိုးလ်ကနေ ဘူဆန်ထိ ရထားနဲ့လာတယ် luggage နှစ်ခုနဲ့ လက်ဆွဲအိတ်တဖက်ကို မနိုင်တော့ ဘေးက ကူသယ်ပေးတဲ့ လူတွေက ကူသယ်ပေးကြတယ် ဂျွန်ရယ်' တဲ့။

ရယ်သံတွေစွက်ပြီး နှာခမ်းတွေလဲပြုံးရယ်လို့။ ချိုသာတဲ့ အပြုံးမျက်နှာလေးကြောင့် ဘယ်နေရာရောက်ရောက် အချစ်ခံနေရတဲ့ လူပျိုပေါက်လေးဖြစ်နေတာ။ ကိုရီးယား - ကနေဒါ ကပြားလေးမို့ ထယ်ယောင်းရဲ့ အသားအရည်လေးက အရမ်းလဲ မဖြူစွတ်သလို မျက်လုံးလေးများကလဲ မကျဉ်းပဲ ခပ်ကျယ်ကျယ်လေးဖြစ်နေတယ်။ နှာခမ်းလေးများက လှိုင်းပြေလေးလို ၊ ရယ်လိုက်လျှင်လဲ သွားဖြူဖြူတန်းလေးများနှင့် အသည်းပုံ ပုံစံတွန့်ကွေးသွားသည်။

ဘုရားသခင်ပေးတဲ့ဆုလာဘ်တွေကို တစ်ယောက်စာထဲမှာ သိမ်းကြုံးစုထားသလို မျက်ခုံးမျက်လုံးလှတဲ့အပြင် သွယ်လှတဲ့ ခါးလေး နှင့် ပေါင်တံ လှလှကိုလဲ ပိုင်ဆိုင်ထားတယ်။ တခြား ယောကျ်ား ပျိုများနှင့် နှိုင်းယှဉ်စရာမရှိလောက်အောင် လက်ချောင်းသွယ်လေးတွေကအစ ကြည်ပြီးရဲသွေးကြွနေတဲ့လက်သည်းခွံလေးတွေထိ နတ်သက်ကြွေလာတဲ့ နတ်သား လေးလို့ လူတိုင်း တွေးမိကြမှာပဲ။

ဒီလို သက်ရှိလူသားက သူ့တယောက်ထဲရဲ့ အပိုင်ပါလား လို့ တွေးမိတော့ စိတ်ဘဝင်မှာ ပျော်ရွှင်လာတယ်။

ဘူဆန်ကို ရောက်လာပြီး နှစ်ပတ်ကြာထိ ဒီလို နှစ်ကိုယ်တူရက်တွေမှာ စိတ်ညစ်စရာတွေမတွေးဘဲ ပျော်စရာတွေသာ ဖန်တီးရင်း ကုန်ဆုံးလိုက်ကြတယ်။ ထယ်ယောင်း တယောက် ကနေဒါ ကနေ အပြီးတိုင် ရောက်လာတာလား ၊ မေဘယ်လ်ကို ဘယ်လိုပြောခဲ့သလဲ ခုထိမသိရ။စိတ်ထဲ တွေးနေတုန်း အိမ်ရှေ့ကနေ ဖုန်းသံကြားတော့ စာကြည့်ခန်းကနေ ထွက်လာလိုက်ပြီး ဖုန်းဖြေကြားလိုက်တယ်။

Midnight Rain (KOOKV)Where stories live. Discover now