8

2.4K 176 11
                                    

Unicode

ကျောင်းဝင်ဝတွင် မိန်းကလေးများဟိုတစ်စုဒီတစ်စုနဲ့ တစ်နေရာဆီသို့ကြည့်ကာ အော်ဟစ်နေကြသည်။ ဆူညံသံတွေနဲ့ ရှေ့ဆုံးမှပြာယာခက်နေတဲ့ကောင်မလေးတွေမှာ ဆံပင်တွေကို အလိမ်အခွေတွေကောက်ထားကာ ပါးမှာလဲ အနီရောင်ရဲရဲ ပါးနီတွေနှင့် ။

စကပ်လေးတွေခါဝဲလို့။ ယောကျ်ားလေးတချို့မှာအံ့အားမှင်သက်စွာပင်။

ဗစ်တိုရီ ကင်မ်..အိုမိုင် ဘုရားသခင်ရေလို့သာရေရွတ်မိတော့သည်။

ကောင်လေးကောင်မလေးတွေစုပြုံကြည့်နေတဲ့သည့်မြင်ကွင်းမှာတော့အပေါ်အောက် rockabilly style နဲ့ ဂျာကင်အမဲကိုဝတ်ထားကာ ဘောင်းဘီကဂျင်းဒူးပြဲနှင့် ခါးပတ်တွင်လဲ သူ့ရဲ့အသည်းစွဲ စတော်ဘယ်ရီကီးချိန်းကမပါမဖြစ်။

အတူလာတဲ့သူငယ်ချင်းတွေထဲထိပ်ဆုံးကသူ ။မိန်းကလေးတွေဘက်ကို အသည်းပုံစံ လက်ကွေးကာလုပ်ပြပြီးမျက်စိမှိတ်ပြတော့ ကောင်မလေးတွေက မေ့မြောသွားပါပြီပုံစံနဲ့ လုပ်ပြတယ်။သူ အားပါးတရရယ်လိုက်သည်။

ထိုကျောင်းသူကျောင်းသားထဲတွင် သူ့ကိုမျက်ခုံးတွေတွန့်ချိုးကာကြည့်နေသူက lucas။

' victory ဘယ်လိုဖြစ်တာလဲ မင်းပုံစံက  မလုပ်စဖူး
ရူးကြောင်ကြောင်နဲ့ ဝင်လာထဲကငါကြည့်နေတာ '

'ဟဲဟဲ ဘယ်လိုလဲ ငါသိပ်မိမိုက်နေတာ မနာလိုတာလား'

' မင်း မမိမိုက်လဲ ကျောင်းကကောင်မလေးတွေပစ်ကြွေနေပြီသားပါ'

' ပုံစံပြောင်းလိုက်တာ ကောင်မလေးတွေအပြင်ကောင်လေးတွေပါကြိုက်လာအောင် '

' ဟမ် ဘယ်လိုကြီးလဲ '

lucas ကနားရှုပ်ဟန်နှင့် မေးသည်။

'ဒီလိုပဲ တစ်ယောက်သောသူရှိတယ် '
' ငါသူ့ကိုသိခွင့်ရှိမလား '

lucas ကမေးသည်။ သူမိတ်မဆက်ပေးချင်ပါ။
ဂျွန်က သိပ်ချောတဲ့လူတစ်ယောက်ဆိုတာ ဂျွန့်မျက်နှာကိုအနီးကပ်ကြည့်မိတဲ့အချိန်တိုင်း ပိုသေချာလာတာ။ ဂျွန့်မှာ နှာတံမြင့်ပြီးမချွန်ဘဲလုံးနေတဲ့ နှာတံလေးရှိတယ်။ နှာခမ်းပါးလေးတွေက သူကြည့်မိတဲ့အချိန်တိုင်းကော့်ညွှန့်နေတယ်။

Midnight Rain (KOOKV)Where stories live. Discover now